အခန်း (၃၃)

112 11 0
                                    

CHAPTER (33) ရေချိုးခန်း

"မိုက်တယ်ဗျာ၊ ကိုယ့်အစ်ကိုတွေက ကမ္ဘာ့ဂင်းနစ်စံချိန်ကိုတောင် ချိုးနိုင်သွားကြတာ"

ဟု ကျင်းရန် အားကျစွာ ပြောလိုက်သည်။

"ကမ္ဘာ့ဂင်းနစ်စံချိန် ဟုတ်လား"

ဟု ဖုမင်ယဲ့ နားမလည်ဖြစ်သွား၏။ ထိုအရာသည်မည်သည့်အရာနည်း။

လေမှပေါက်သော ခယ်တူ့လူမိစ္ဆာနတ်သို့ ခွင့်လွှတ်စေလို၏။ လူ့လောက၌နေလာခဲ့သမျှ ပြီးခဲ့သောသုံးနှစ်တာကာလအတွင်း ရှိရှိသမျှအရာအားလုံးနှင့် လားလားမျှမတူအောင်ကွဲ‌ထွက်နေခဲ့သည်။

(ဤစာပိုဒ်၌ လေမှပေါက်သည် ဟူသည်မှာ အစ,စတင်မှုကိုကျော်လွန်ခဲ့သည့် အဖြစ်ကိုဆိုလိုသည်။ ခယ့်တူလူနတ်မိစ္ဆာသည် ကမ္ဘာပေါ်သို့ ကြီးပြင်းလာခဲ့သည်မရှိ၊ လူ့သဘာဝ၌သင်ယူလေ့လာခဲ့ခြင်းမရှိလျက် ပေါ်ပေါက်ခဲ့ရပုံကို ဆိုလိုသည့်သဘော)

"ဒီမှာလေ"

ကျင်းရန် ဘ‌ရောက်ဆာဝက်ဘ်ဆိုဒ်တစ်ခုကို အသုံးပြုပြီး သူ့အတွက်ရှာပေးခဲ့လိုက်သည်။

"တစ်မိနစ်အတွင်းနှစ်ယောက်တွဲကြိုးခုန်ခြင်း အကြိမ်ရေက ကမ္ဘာ့ဂင်းနစ်စံချိန်တင်မှတ်တမ်းမှာ ၁၂၇ ကြိမ်ပဲရှိတာ ခင်များတို့နှစ်ယောက်က ၁၆၈ ကြိမ်တောင်ရသွားတာ အဲ့တာ .... နည်းနည်း .... နည်းနည်းလေး..... ပုံမှန်မဟုတ်ကွယ်"

ဟု မြေခွေးမှ လက်သင်္ကေတဖြင့် ပြောပြခဲ့လိုက်သည်။

လွန်စွာကိုမှ ပုံမှန်မဟုတ်ရာ၏။

လူသားများ၌ စံကန့်သတ်ချက်များရှိ၏။ သတ်မှတ်အဆင့်တစ်ခုသို့ ရောက်ပြီးသောအခါ၌လည်းကောင်း၊ ကြိုးတစ်ကြိမ်ပိုခုန်မိခဲ့သောအခါ၌လည်းကောင်း၊ တစ်စက္ကန့်ပိုပြေးမိခဲ့သောအခါ၌လည်းကောင်း၊ သို့မဟုတ် ရေတစ်မီတာအနက်ပိုငုပ်မိသောအခါ၌လည်းကောင်း စသည့်အရာများသည် ကောင်းကင်သို့တက်လှမ်းရလောက်သည့် နီးနီး ခက်ခဲ၏။ ကျင်းရန် သည်ပုံစံမပြောင်းမီ၌ တိရစ္ဆာန်တစ်ကောင်ဖြစ်ခဲ့ပြီး တိရစ္ဆာန်များ၌လည်း စံနှုန်းကန့်သတ်ချက်များရှိခဲ့သောကြောင့် တစ်ဦးတစ်‌ယောက်စံနှုန်းချိုးဖျက်ခြင်း၏ခက်ခဲမှုကို သူကောင်းစွာနားလည်၏။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now