အခန်း (၁၄)

121 12 0
                                    

CHAPTER (14) ချစ်မိသွားပြီ!

တစ်ကွေ့ပြီး‌တစ်ကွေ့သော လမ်းကြားလေး၏ အကွေ့အကောက်ထောင့်ချိုး များအား ဖြတ်ကျော်ပြီးနောက် အိမ်ခြေကြို့တို့ကျဲတဲသာရှိသော ထိုလမ်းကြားလေး အတွင်းရှိ ခေါက်ဆွဲဆိုင်ငယ်လေးတစ်ဆိုင်ရှေ့၌ စက်ဘီးကလေးရပ်တန့်သွားခဲ့ သည်။ အိမ်နီးချင်းဦးလေးကြီးမှာ ကြိမ်ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်လျက် အအေးခံနေခဲ့ပြီး ကလေးငယ်နှစ်ယောက်သည်လည်း မြေပေါ်၌ဆောင့်ကြောင့်ထိုင် ကာ အားပါးတရ ဖရဲသီးစားနေလျက်ရှိခဲ့သည်။ ၎င်းတို့ကြား၌ မီးထွန်းထားသည့် အိမ်ငယ်လေးတစ်အိမ်သည် ခေါက်ဆွဲဆိုင်လေး တစ်ဆိုင်အဖြစ် ဖွင့်လှစ်ထား လေသည်။

ခေါက်ဆွဲဆိုင်ဟုဆိုသော်လည်း အမှန်စင်စစ် လူနေအိမ်လေး၌ စားပွဲနှင့်ကုလားထိုင်အနည်းငယ်ဖြင့် ရေနံဆီမီးအိမ်များချိတ်ထားကာ တံခါးဘေး၌  တစီစီမြည်နေသော မတ်တပ်လျှပ်စစ်ပန်ကာ အကြီးတစ်လုံးသာရှိခဲ့ပြီး  အဝါရောင်အသွေးရှိသော ခွေးတစ်ကောင်ကိုလည်း ထိုတံခါး၌ပင် ကြိုးချည်ထားခဲ့လေသည်။ အိမ်အတွင်း၌ ခြင်ပြေးဆေးရနံ့များ တထောင်းထောင်းထနေကာ ခေါက်ဆွဲအား အားပါးတရစားသုံးနေခဲ့သော အပေါ်ပိုင်းဗလာလူတစ်စုနှင့်အတူ လေထုသည်လည်းချွေးနံ့များဖြင့် ပြည့်နှက်လျက်ရှိနေခဲ့သည်။

ဒယျန်းဖင် (webio ကဲ့သို့ တရုတ်ပြည်သုံးအက်ပလီကေးရှင်းတစ်မျိုး) ၌ ဤခေါက်ဆွဲဆိုင်လေးသည် အရသာရှိသည် ဆိုသည်ကို ရှာဖွေမတွေ့ရှိခဲ့လျှင် ဖုမင်ယဲ့ ယခုကဲ့သို့နေရာမျိုး၌ ခြေချမိခဲ့မည် မဟုတ်ပေ။ ပုံမှန်အားဖြင့် ဖုမင်ယဲ့ ညစာစားလေးရှိသည့် နေရာများသည် အထက်တန်းစား နေရာကောင်းများသာ ဖြစ်သည်။ ယခုဆိုင်လေးသည် နွေးထွေး၍ နေချင်စဖွယ်ကောင်းသော မိသားစုဝင်သုံးယောက်ရှိသည့် လင်မယားနှစ်ယောက်မှ ဦးစီးဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ကလေးငယ်သည် ခုံမြင့်တစ်လုံးပေါ်၌ မှောက်လျက် အိမ်စာရေးနေခဲ့ပြီး ဆိုင်ရှင်အမျိုးသားဖြစ်သူမှာ ကြီးမားသောရာဝင်အိုးကဲ့သို့ ခေါက်ဆွဲအိုးတစ်အိုး၏ အရှေ့၌ ရပ်လျက်နေခဲ့သည်။ ဆိုင်ရှင်အမျိုးသမီးမှာ အိမ်အဝ၌ဧည့်သည်ဝင်လာသည် ကိုမြင်၍ စားပွဲအားတစ်လုံးအား ရှင်းလင်းရာမှ ပျူငှာစွာ နှုတ်ခွန်းဆက်ခဲ့လေသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Hikayelerin yaşadığı yer. Şimdi keşfedin