အခန်း (၅၄)

135 21 0
                                    

54 01

CHAPTER (54) စုန်းမပါရာဒါ

လောကနံပါတ် ၄၉၃ ၏ သမုဒ္ဒရာသည် ညစ်ညမ်းမှုကင်းစင်ပြီး ခပ်လှမ်းလှမ်းမှပင် မိုးပြာရောင်အကွက်ငယ်များကို ရေမျက်နှာပြင်မှတစ်ဆင့် မြင်နိုင်ခဲ့သည်။ ပင်လယ်ရေမှာကြည်လင်နေခဲ့ပြီး ကမ်းစပ်ကိုရောင်ပြန်ဟပ်နေလျက် အနီးအနားမှဖြတ်ပျံသွားသော ငှက်ကလေးများဖြင့် ပနံသင့်နေခဲ့သည်။ ချီပိုင်ချာ လက်ထဲမှာမြေပုံကိုဖြန့်ချခဲ့ပြီး သူ့အရှေ့မှသမုဒ္ဒရာရေမျက်နှာပြင်ကို မြေပုံပါအတိုင်းပုံဖော်ခဲ့သည်။ နှင်းပွင့်နတ်သူငယ်လေး၏ တင့်တယ်လှပသော အပြစ်ကင်းစင်ချစ်စဖွယ်မျက်နှာလေးသည် ရေပြင်၌ ရောင်ပြန်ဟပ်နေခဲ့‌ပြီး နှစ်လိုဖွယ်‌ကောင်းနေခဲ့သော်လည်း မျက်ဝန်းများ၏ တည်ငြိမ်မှုမှာ ဖမ်းဆုပ်တိုင်းတာမရသော သမုဒ္ဒရာကဲ့သို့နက်ရှိုင်းနေခဲ့သည်။ ချီပိုင်ချာ မြေပုံကိုလိပ်၍ လွှင့်ပစ်ခဲ့ပြီးနောက် သမုဒ္ဒရာအောက်ခြေသို့ ခုန်ဆင်းသွားခဲ့သည်။

ပန်းပွင့်နတ်သူငယ်လေးသည် မြေပုံနှစ်ခုကိုပေးခဲ့သည်။ တစ်ခုမှာကုန်းမြေ၏ မြေပုံဖြစ်ပြီး ကျန်တစ်ခုမှာပင်လယ်ကြမ်းပြင်၏ မြေပုံဖြစ်သည်။ ချီပိုင်ချာ မြေပုံနှစ်ခုလုံးကို အကြည့်တစ်ချက်၌ ပင် မှတ်မိစေခဲ့သည်။ ရေအောက်လောကသည် အလွန်ကျယ်ပြောလှပြီး မြောက်များစွာသော ရေနေသတ္တဝါများကျက်စားနေထိုင်ခဲ့သည်။ သမုဒ္ဒရာအစာကွင်းဆက်၏ ထိပ်တန်းသားရဲနှစ်မျိုးမှာ ရေဘဝဲနှင့်ရေသူမများဖြစ်ခဲ့၏။ ယင်းမျိုးနွယ်နှစ်စုသည် ကိုယ်ပိုင်နိုင်ငံငယ်များဖြင့် နှစ်ပေါင်းများစွာအလွန်ကတည်းကပင် တစ်ဦးနှင့်တစ်ဦးပြိုင်‌ဆိုင်နေခဲ့ကြသည်။ ပင်လယ်နတ်ဘုရားပျောက်ဆုံးသွားခဲ့ပြီးနောက် ၎င်းမျိုးနွယ်နှစ်စုမှာ အထိန်းအကွပ်မဲ့လာခဲ့ကြသည်။

ထိုလောက၏ ရေဘဝဲများသည် မိမိနေထိုင်ရာကမ္ဘာရှိရေဘဝဲများနှင့် အကွာကြီးကွာခြားနေခဲ့ကြသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လူသားကိုယ်ထည်ဖြစ်ပြီး ခါးအောက်ပိုင်းမှစ၍ ရေဘဝဲလက်တံရှည်များစွာရှိသည့် လူတစ်ပိုင်းရေဘဝဲတစ်ပိုင်းသတ္တဝါများဖြစ်ကြ၏။ စုန်းမဖော်စပ်ပေးထားခဲ့သော ဆေးရည်ကိုသောက်သုံးပြီးနောက် ၎င်းတို့သည် ချီပိုင်ချာ ကြုံတွေ့ခဲ့ရသည့် ဧရာမရေဘဝဲသတ္တဝါကြီးအသွင်ပြောင်းလဲသွားခဲ့ကြမည်ဖြစ်သည်။ တိုက်ခိုက်ရေး၌ ပြိုင်ဘက်ကင်းထူးချွန်လာခဲ့ကြပြီး စဉ်းစားဉာဏ်နိမ့်ပါးသွားခဲ့ကြမည်ဖြစ်သည့်အပြင် သက်တမ်းလည်းပုံမှန်ထက်ပိုမိုတိုတောင်းသွားခဲ့ကြမည်။ ဤနည်းဖြင့် ရေဘဝဲမျိုးနွယ်စုသည် ထောင်ပေါင်းများစွာသော ပြိုင်ဖက်များကိုအနိုင်ယူရန် မိမိတို့ မျိုးနွယ်ဝင်ရှစ်ရာခန့်ကို စတေးခဲ့ကြသည်။ ရေဘဝဲမျိုးနွယ်စုမှာ သမုဒ္ဒရာ၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်လိုခဲ့ပြီး သမုဒ္ဒရာမျိုးနွယ်စုအားလုံးအပေါ် အမိန့်ပေးထိန်းချုပ်လိုခဲ့သည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now