အခန်း (၄၄)

101 19 0
                                    

CHAPTER (44) လူမမာ

ချီပိုင်ချာ ဒဏ်ရာအပြင်းအထန် ရခဲ့သောကြောင့်‌ နေပြန်ကောင်းသက်သာလာသည်အထိ ဆေးရုံ၌ ဖော်ပြုပေးရန် အတွက် ဖုမင်ယဲ့တစ်ယောာက် သူ၏ တရားဝင် အလုပ်တာဝန်များကို ဘေးချိတ်ထားသည်။ ဖုမင်ယဲ့၏ မျိုးရိုးနာမည်အောက်၌ ပိုင်ဆိုင်သော ပုဂ္ဂလိကဆေးရုံ၌ အမျိုးသားလေးကို ဆေးရုံတင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းအရိုးပါရဂူသမားတော်များဖြင့် ကုသခံ‌ယူစေလျက် အထူးလူ‌နာဆောင်အတွင်း တရုတ်ပြည်၏ အချမ်းသာဆုံးသူဌေးကိုယ်တိုင် ၂၄နာရီလုံးလုံး အဖော်ပြုပေးနေသည်။

ချီပိုင်ချာ : "....အရိုးပဲကျိုးတာပါ အရိုးကင်ဆာမှ မဟုတ်တာကို"

ထိုတိုက်ပွဲသည် သေလုမြောပါးနာမကျန်း ဖြစ်လောက်သည်အထိ ခံစားစေသည်။ သုဘရာဇနှင့်ပင် ကြိုတင်ချိန်းဆိုလု ချိန်းဆိုခင်ဖြစ်ခဲ့ရသည်။

"ဘာမှမကွာတာ"

ဖုမင်ယဲ့ အလေးအနက် ပြောသည်။ ချာချာ၏ ခန္ဓာကိုယ်မှာ တစ်ကြိမ်တစ်ခါမျှ အအေးမိ ဖျားနာခြင်းတို့ မရှိခဲ့လျက် အလွန်ကျန်းမာလှပြီး ဖုမင်ယဲ့မှ လူ၏ခန္ဓာမှ အထိမခံ နုနယ်လှသည်ကို မေ့လျော့ခဲ့၏။ တစ်နေ့ထဲ၌ နေရာအစုံမှ အရိုးများများ ကျိုးခဲ့ရပြီး ယခုအခါ ဖြစ်လာနိုင်သမျှ အန္တရာယ်အတွက် ဖုမင်ယဲ့ သတိအနေအထားဖြင့် ရှိနေသည်။ ချာချာ တစ်ဖက်သားလက်ထဲ၌ မည်ကဲ့သို့ နှိပ်စက်ခံခဲ့ရသည်ကို ယခုတိုင် မရှိနေဘဲ ရှိနေခဲ့သေး၏။

အမှန်စင်စစ် မည်သည့်ကိစ္စ ဖြစ်ခဲ့ရသည်ကို ချီပိုင်ချာ အစပြု ပြောကြားခြင်း မပြုခဲ့ဘဲ ပြောရန် လည်း ဝန်လေးနေသည်။ ချီပိုင်ချာ၏ ခန္ဓာကိုယ်ကို ဖုမင်ယဲ့ အထူးဂရုစိုက်နေခဲ့ပြီး အမျိုးသားလေး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသွားခဲ့မည်ကို စိုးရိမ်နေမိခဲ့သဖြင့် အဘယ်ကြောင့် ထိုစံအိမ်၌ သူရောက်ရှိနေခဲ့သည်ကို လည်းကောင်း သူ့ကို ထိခိုက်အောင် ပြုလုပ်ခဲ့သည့်လူမှာ မည်သို့ ရှိခဲ့သနည်းကို လည်းကောင်း မေးမြန်းခြင်း မရှိခဲ့ပေ။ တစ်စုံတစ်ခုသာ ရှိနေခဲ့ပါစေ ချာချာ၏ စိတ်အခြေအနေ တည်ငြိမ်သည်အထိ စောင့်ခဲ့ဦးမည်။ ယခုလက်ရှိတွင် ချာချာ၏ စိတ်ကျန်းမာရေးထက် မည်သည့်အရာမျှ အရေးမကြီးသည်။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now