အခန်း (၁၆)

118 12 0
                                    

CHAPTER (17) သဝန်တိုခြင်း

ချီပိုင်ချာ သည်ပရိတ်သတ်တစ်ဦးလည်းမဟုတ်သလို ကြည့်ပြီးသားဇာတ်လမ်းတွဲ၌လည်း စိတ်ဝင်စားမဝင်စားခဲ့ပေ။ ဖုန်းမျက်နှာပြင်အား ဖွင့်ပြီးသည်နှင့် ဖုန်းသို့အကြည့်လွှဲကာ တီဗီအားနောက်ခံအသံအဖြစ်သာ ဖွင့်ထားခဲ့လေသည်။

ယနေ့သတင်းခေါင်းစဉ်၊ ရေပန်းစာနေသည့်အကြံပြုချက်များ နှင့် လက်တလောရေပန်းစားနေသည့်ရှာဖွေမှုများ စသည့် ခေါင်းစဉ်အမျိုးအစားများ၏သတင်းမှာ တူညီနေခဲ့လေသည်။

‘#ဇီမြို့၏ဇွန်လနှင်းကျမှု’

ဖတ်ရှုသူ သန်း ၁၀၀ ကျော်လွန်သွားပြီး ထောင်ပေါင်းများစွာသော ဆွေးနွေးချက်များ ထွက်ပေါ်နေခဲ့သည်။

နိုင်ငံသား ၁ : ဒီနေ့ ဇီမြို့ကသူငယ်ချင်းက နှင်းကျနေတဲ့အကြောင်းတင်ထားတာ တွေ့ခဲ့ပေမယ့် ကြံဖန်ထားတဲ့ဓာတ်ပုံလို့ပဲထင်နေခဲ့တာ။ အဲဒါက ရေပန်းစားနေလိုက်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး။ ဒါနတ်ဘုရား ကိုယ်ထင်ပြတာပဲဖြစ်ရမယ်။ ဘယ်လိုလုပ် ဇွန်လမှာ နှင်းကျနိုင်မှာတုန်း။

နိုင်ငံသား ၂ :  ဒီလိုရာသီဥတုမမှန်တာက ပုံမှန်မဟုတ်ဘူး။ သဘာဝဘေးဒုက္ခတစ်မျိုးဖြစ်လာနိုင်တယ်၊ ငါတို့ကြိုတင်ပြင်ဆင်ထားသင့်တယ်။

နိုင်ငံသား ၃ : အဲ့ဖက်မှာမတရားမှုတစ်ခုဖြစ်ခဲ့တာများမဖြစ်နိုင်ဘူးလား။ ဇွန်မှာနှင်းကျတာနဲ့ပတ်သတ်လို့ ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးတယ်လေ။ ဒေါင်အာ ရဲ့ မတရားမှု

(ဒေါင်အာ သို့မတရားမှုသည် တရုတ်ပြည်၏ပြဇာတ်တစ်ပုဒ်ဖြစ်ပြီး ဇာတ်ကောင် ဒေါင်အာ သည် မတရားသောပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး မူမမှန်သောသဘာဝဖြစ်စဉ်သုံးခုမှ ဖြူစင်မှုအားသက်သေပြခဲ့ပြီး ဇွန်လအတွင်းနှင်းကျမှုမှာ တစ်ခုအပါဝင်ဖြစ်သည်)

နိုင်ငံသား ၄ : ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့အခုဘယ်ခေတ်မှာနေ၊နေတာလဲဟ။ ရှေးခေတ်ပဝေသဋီမှမဟုတ်တာ။

နိုင်ငံသား ၅ : ငါတို့မျက်မှောက်ခေတ်မှာနေနေလို့လည်း မတရားတဲ့အပြစ်စီရင်ချက်နဲ့ အမှုအမှားတွေ မရှိနိုင်ဘူးလို့မဆိုလိုနိုင်ဘူး မဟုတ်လား။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now