အခန်း (၄၂)

84 13 0
                                    

CHAPTER(42)နတ်သက်

ပြန် ရလိုက်သည့်အဖြေမှာ အကြင်နာမဲ့စွာပြေးဝင်လာခဲ့သော ရေခဲဓားသွားသာဖြစ်သည်။ ပါစကယ်လ် ထိုဓားသွားကိုရှောင်လိုက်ခြင်းဖြင့် ချက်ချင်းတုံ့ပြန်မှုပြန်ပေးသည်။ ရေခဲဓားမှာ သူ့အနောက်ရှိပလ္လင်ကို ထုတ်ချင်း‌ပေါက်စိုက်ဝင်သွားခဲ့ပြီး ရွှေအတိပြီးသော ပလ္လင်ကို အစိတ်စိတ်ခြေဖျက်ပစ်သည်။

"ဝိုး..."

ဟု ပါစကယ်လ် လက်ခုပ်လက်ဝါးတီး၊အာမေဋိတ်ပြုပြီး

"မဆိုးလှပါဘူး"

နှင်းမှာ အထိတစ်ချက်မှာတင်အရည်ပျော်နိုင်သည်အထိ နူးညံ့ပြီးအထိခိုက်မခံသော်လည်း ရေခဲသို့ ပြောင်းလဲသွားပါက ပြင်းထန်စွာတိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့သော်ငြားလည်း ပါစကယ်လ်၏ အမြင်၌ ၎င်းတို့မှာ လှည့်ကွက်ငယ်‌များသာသာရှိနေသည်။ ချီပိုင်ချာ အမျိုးသမီးနှစ်ယောက်အနောက်လိုက်ခဲ့ပြီး ဒီနေရာထိရောက်လာခဲ့သည်မှာ စုံစမ်းရန် အတွက်သာဖြစ်ပြီး တစ်ချက်တည်းဖြင့် ပြီးပြည့်စုံသော ပွဲတစ်ပွဲသာဖြစ်စေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူ၏ အစွမ်းဖြင့် ၉၉ရာခိုင်နှုန်းသော အခြေအနေများကို အကြောက်တရားမရှိဘဲ ဖြေရှင်းနိုင်ခဲ့၏။ ယခုအခါ ကျန် ၁ ရာခိုင်နှုန်းသော အခြေအနေဖြင့် ကြုံတွေ့လာခဲ့ရသည်။

ဤစံအိမ်သို့ သူခြေလှမ်းဝင်ခဲ့လျှင်ဝင်ခဲ့ချင်း ကမ္ဘာနံပါတ် ၁၀၈မှာကောင်းကင်ဘုံနတ်ဘုရား၏ စာကိုလက်ခံရရှိသည်။ ၎င်း၏ လောကမှ မကောင်းဆိုးဝါးဘုရင် ပါစကယ်လ်မှာ သူ၏ နယ်နိမိတ်အတွင်းငရဲအက်ကြောင်းမှ ‌ဖြတ်ဝင်လာခြင်းဖြစ်ပြီး ပါစကယ်လ်၏အား နည်းချက်ကိုပင်ရက်ရောစွာ ပြောပြပေးသည်။ မည်သို့ ပင်ဖြစ်စေ ထိုအရာမှာမည်သည့်အရာကိုမျှ မပြောပြခဲ့သလောက်ဖြစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုမကောင်းဆိုးဝါးကို အနိုင်မယူနိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ ဤကမ္ဘာသည် စကြာဝဠာအတွင်း သက်တမ်းအနုဆုံးဖြစ်ပြီး အသစ်ဖြစ်တည်ခါစလောကဖြစ်၍ ကမ္ဘာစောင့်နတ်များ၏ အသက်များသည် ကမ္ဘာသက်တမ်းထက်ကျော်လွန်ခြင်းမရှိကြ၏။ ပါစကယ်လ်၏ လောကမှာ ဤကမ္ဘာမဖြစ်တည်မီ များစွာသော အချိန်အလွန်ကတည်းကပင် ဖြစ်တည်လာ‌ခဲ့သော လောကဖြစ်၏။ ၎င်း၏ ကမ္ဘာ၌ မွေးလာသော သူနှင့် မျိုးနွယ်တူအခြားသူဖြင့် နှစ်သန်းပေါင်းရာချီထက်ပိုသော အချိန်ကာလ သက်တမ်းအပိုင်းခြားရှိနေခဲ့၏။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now