အခန်း (၂၉)

113 8 0
                                    

CHAPTER (29)လက်ရေး

သူကြောက်ရသည့်အရာကို ခံစားမိခဲ့၏။ ချီပိုင်ချာ လှည့်ထွက်ခဲ့သည့်အခိုက်တန့်မှာပင် လက်၌ အစားသောက်ထည့်စက္ကူအိတ်ကိုင်ထားသည့် ဖုမင်ယဲ့ ကိုတွေ့လိုက်သည်။တံခါဘေး၌ မျက်နှာသေဖြင့်ရပ်နေခဲ့သည့်ထိုလူသည် ဘယ်လောက်ကြာကြာရှိနေခဲ့သည်ဟု မခန့်မနိုင်ခဲ့၏။

သူထွက်လာသည်ကိုမြင်သည်နှင့် ဖုမင်ယဲ့ အေးစက်စွာနှာခေါင်းရှုံလျက် ကျောခိုင်းထွက်သွားခဲ့သည်။

"...."

သူ သဝန်တိုသွားခဲ့ပြီ။သဝန်တိုခဲ့သည်။ ထပ်ခါ၊ထပ်ခါ၊ အခါခါ၊ သဝန်တိုခဲ့ပြီ။

ချီပိုင်ချာ သူ့အထက်၌တောက်ပနေခဲ့သည့် ‌ပူပြင်းသည့်နေအား တစ်ချက်ခေါင်းမော့ကြည့်လိုက်ကာ သူ၏နဖူး၌လက်တင်လျက်

"နည်းနည်း ဖြေးဖြေးလျှောက်ပါလားဗျာ၊ မင်းနည်းနည်း မူးလာသလို ခံစားရတယ်..."

ချက်ချင်းပင် ဖုမင်ယဲ့ နောက်ပြန်လှည့်ခဲ့ပြီး စိုးရိမ်တကြီးဖြင့်

"အပူရှပ်တာလား"

ချီပိုင်ချာ အသာခေါင်းငြိမ့်ပြခဲ့သည်။သူ၏အသား‌ရည်မှာဖြူနေခဲ့ပြီး ခြစ်ခြစ်တောက်ပူနေခဲ့သည့်နေကြောင့် မျက်နှာ၌ခပ်ဖျော့ဖျော့သွေးရောင်သန်းနေကာ အမှန်တကယ် အပူရှပ်နေခဲ့သည့်အသွင်ပေါ်နေခဲ့သည်။

သူမှ

"အရမ်းပူတယ်၊ မင်းလမ်းမလျှောက်ချင်ဘူး"

"အိတ်ကိုကိုင်ထားပေး"

ချီပိုင်ချာ ထံအိတ်ကိုကမ်းပေးခဲ့ပြီး သူ၏အရှေ့၌ ဖုမင်ယဲ့ စောင့်ကြောင့်ထိုင်ချကာ

"ကျောပေါ်တက်"

နေ့လည်ထမင်းစားချိန်ဖြစ်၍ ကျောင်းစားသောက်တန်း၌ ကျောင်းသားအားလုံးစားသောက်နေကြဆဲဖြစ်ကာ မည်သူမှနောက်ကြောင်းပြန်လှည့်လာခဲ့ဦးမည် မဟုတ်ပေ။ဝန်ထမ်းများသည်လည်း အခြားတစ်နေရာ၌ ထမင်းဘူးဝေရန်ရောက်ရှိနေခဲ့ကြပြီး ဧည့်သည်များသည်လည်း ၎င်းတို့၏နားနေခန်းများ၌ ၎င်းတို့၏လက်ထောက်များမှ ကြိုတင်မှာကြားပေးခဲ့သည့် အစားအသောက်များကို သုံးဆောင်နေခဲ့ကြ၏။သူ့အနေဖြင့် အပြန်လမ်းတစ်လျှောက် ကုန်းပိုးချီခံသွားရမည်ဆိုပါက မည်သူတစ်ဦးထံမှ ‌မြင်‌တွေ့ခံရမည်မဟုတ်ပေ။

နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်...Where stories live. Discover now