အပိုင်း ၁၄၆ : ကြယ်တာရာတို့၏ပွဲတော် (၁)

1.2K 37 3
                                    

ဂွမ်ဟွာမွမ်း၏မြို့လည်ခေါင်တွင် မိုးများတဖွဲဖွဲရွာသွန်းနေသည်။သားရဲများ၏ကျေးဇူးဖြင့်လမ်းများဟာလမ်းပျက်ကြီးများသဖွယ်။ပြိုကျပျက်ဆီးနေသည့် မီဒီယာလိုဂိုများမှာ တစစီတတ်နင်းခံထားရပြီး ဂွမ်ဟွာမွမ်း၏အမှတ်သညာဖြစ်သော ဆဲဂျုံးဘုရင်မင်းမြတ်နှင့်ရီဆွန်းရှင် တို့၏ရုပ်တုများမှာလည်း အစိတ်စိတ်အမွာမွာစီကျိုးကြေနေ၏။

“အာ...”

ဆိုလ်း၏ဂုဏ်ယူ၀င့်ကြွားခဲ့ရ‌သောလူ့အဖွဲ့အစည်းမှာ ပြိုလဲသွားခဲ့ပြီး ယဉ်ကျေးမှုဟာလည်းပျောက်ကွယ်သွား၏။၎င်းတွင်ဇာတ်လမ်းတစ်ခုတည်းသာကျန်ရှိ‌ခဲ့သောငြား ဂွမ်ဟွာမွမ်းရှိမည်သူကမှ အနှီဇာတ်လမ်းကိုမလိုချင်ကြ။

အီဂျီဟေးတစ်ယောက် ဟွာရမ်းများ တူးနေသည့်မြေပုံကြီးအားကြည့်ရင်း ပြောလာ၏။“...သူတကယ်ပဲသေသွားတာလား?”

မည်သူကမှပြန်‌မဖြေကြ။ပြန်မဖြေရသည့်အကြောင်းရင်းများဟာလည်း ကွဲပြားသည်။ဂျောင်ဟီးဝန်၊ အီဟွန်းဆုန်း၊ အီဂေလ်ယုန်း၊ ရှင်ယူဆွန်း...

သူတို့တွင်သူတို့ကိုယ်ပိုင်အမြင်များရှိကြသော်ငြား တစ်ဦးတစ်ယောက်မှအသံထွက်မလာ။သူ့တို့အတွေးတွေကမှားနေတာမျိုးလည်းဖြစ်နိုင်သည်။မဟုတ်မှ...အမှန်တရားဖြစ်နေမှာကိုကြောက်နေကြတာများလား။

“မဟုတ်...တကယ်လား?”

ဂင်မ်ဒို့ဂျာ၏အလောင်းအား ရှစ်ခုမြောက်ဇာတ်ကွက်အပြီး တစ်နာရီအကြာတွင် ရှာတွေ့ခဲ့ကြသည်။

“အာဂျူးရှီး!ထလေ!နောက်နေတာမလား?”

သေဆုံးရသည့်အကြောင်းရင်းဟာ သွေးထွက်လွန်ခြင်းကြောင့်ဖြစ်သည်။အစပိုင်းတွင် လူတိုင်းလူတိုင်း စိတ်ရှုပ်ထွေးနေကြ၏။ဒီဇာတ်ကွက်တလျှောက် အရိပ်အယောင်တောင်မမြင်ခဲ့ရသည့် ဂင်မ်ဒို့ဂျာက ရုတ်တရပ်ကြီး သေဆုံးသွားသည်။

သို့တိုင် အဖွဲ့သားများဟာ တုန်လှုပ်ခြင်းသိပ်မရှိပါဘဲစောင့်ဆိုင်းနေခဲ့သည်။ဒီလိုအခြေအနေမျိုးကို သူတို့ကြုံတွေ့ခဲ့ရဖူးပြီးသား။ပထမအကြိမ်ဟာ မီးနဂါးအားသူတို့တိုက်ခိုက်ခဲ့ချိန်၌ဖြစ်ပြီး ရေလွှမ်းမိုးကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင်လည်း ကြုံခဲ့ရဖူးသည်။ဂင်မ်ဒို့ဂျာက သေခြင်းတရားလက်မှ လွတ်မြောက်ခဲ့သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now