အခန်း ၁၆၀ - အပိုင်း ၃၁ - ဇာတ်ညွှန်း၏သင်္ချိုင်း(၄)

115 23 3
                                    

Unicode

ဂျောင်ဟီးဝန်နှင့်သူက ကောင်းကင်ဘုံ၏ ပင်မဈေးတန်းကြီးကိုဖြတ်လျှောက်ခဲ့ပြီးနောက် တောင်ကုန်းငယ်လေးတစ်ခုဆီသို့ ရောက်လာခဲ့သည်။

ပိုင်ရှင်ဖြစ်သူနေထိုင်သည့်နေရာဟာ အလွန်လှပတင့်တယ်လွန်းကာ ၎င်းဟာ ငြိမ်းချမ်းရေးနယ်မြေရှိ ရဲတိုက်ကြီးကဲ့သို့ပင်။ သို့ပေသိ ကောင်းကင်ဘုံအရှင်သခင်၏ဖြစ်တည်မှုဟာ သာမန်တည်ရှိမှုမျိုးမဟုတ်။

[ကြယ်တာရာ ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’ သည်မျက်လုံးများပြူးနေသည်။]

[ကြယ်တာရာ လူငယ်နှင့်ခရီးသွားများကိုအားပေးထောက်ပံ့သူသည် စိတ်ကသိကအောက်ဖြစ်နေကြောင်း ဖော်ထုတ်လာသည်။]

သူတောင်ကုန်းနားသို့နီးကပ်သွားတိုင်း ဧဒင်ကြယ်တာရာများ၏ တုံ့ပြန်မှုများပြင်းထန်လာသည်။

လူငယ်နှင့်ခရီးသွားများကိုအားပေးထောက်ပံ့သူ။ ကြည့်ရသည်မှာ သူ့အားတမန်တော်အသစ်ကစိတ်ဝင်စားနေဟန်တူသည်။ သွယ်ဝိုက်မက်ဆေ့ချ်မှရရှိလာသော ခပ်ဖျော့ဖျော့ဖိအားအရ အနည်းဆုံးယူရီရယ်အဆင့်လောက်ရှိသည့် ကြယ်တာရာဖြစ်လောက်၏။‌

ဆိုလိုသည်မှာ သူ့အား အီဒင်၏တမန်တော် ၃ပါးလိုက်နေသည်။

[ကြယ်တာရာ ရွှေခေါင်းဆောင်း၏အကျဉ်းသား သည် သင်ပေါက်ကွဲသောင်းကြမ်းမည့်အချိန်အား စောင့်မျှော်နေသည်။]

[ကြယ်တာရာ အသူရာမှောင်မိုက်မီးလျှံနဂါး သည် သင့်စတခ်ျမာအကြောင်း သိချင်နေသည်။]

ကောင်းကင်နှင့်ညီမျှသောမဟာတန်ခိုးရှင် နှင့် မှောင်မိုက်နဂါး တို့ကတော့အတူတူပင်။ သူ့ချန်နယ်လ်၏ ပုံမှန်မန်ဘာသုံးယောက် အတူတကွလာစုစည်းနေသည်။ရှေ့တခေါက်တုန်းက သူ့နက်ဗျူလာတည်ထောင်ခြင်းနှင့် ပတ်သတ်၍ ကောင်းကင်နှင့်ညီမျှသောမဟာတန်ခိုးရှင်က သူ့အားကူညီပေးခဲ့သည့်အတွက် သူကျေနပ်နေမိ၏။

[ ကြယ်တာရာ ရွှေခေါင်းဆောင်း၏အကျဉ်းသားက ဟွန့်ခနဲပြုကာ နှာမှုတ်လိုက်သည်။]

...သူလက်ခံရ‌လိုက်သည့်သွယ်ဝိုက်မက်ဆေ့ခ်ျဟာ ကောင်းကင်နှင့်ညီမျှသောမဟာတန်ခိုးရှင်ဆီမှဆိုတာ ယုံရခက်ခက်။သူတကယ်ကြီး အဲ့မက်ဆေခ်ျ့ပို့လိုက်တာလား?ဥပမာပေးရမယ်ဆို ငါကိုယ်ပွားတစ်ကောင်ကို တွေ့ခဲ့သလိုပေါ့။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now