အခန်း ၁၆၈ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​ရဲ့အချစ် (၇)

137 20 4
                                    

Unicode

Scroll down for Zawgyi

အမည်မရှိသေးသည့်ကြယ်တာရာ။ ရှင်ယူဆွန်း မည်သူ့ကို‌ညွှန်းနေမှန်းကောင်းကောင်းကြီးကိုသိပါ၏။

“ဦးလေးကြီး။”

အကြည့်တစ်ချက်သာဆိုသော်ငြား အရေးကြီးသည့်အခိုက်အတန့်တွင် ထို‘အကြည့်’ဟူသောအရာမျိုးမရှိခဲ့သည့်အတွက် လူအများသေဆုံးရလေသည်။

ယခုအခြေအနေမှာတော့ ရှင်းယူဆွန်း ကံကောင်းသွားခဲ့သည်။

[ယခုထိတိုင်အမည်နာမရှိသေးသည့်ကြယ်တာရာသည် ခေါင်းငြိမ့်နေသည်။]

ရှင်းယူဆွန်းသည် တစ်ကမ္ဘာလုံးရှိ လူတစ်ယောက်တည်း​၏အာရုံစိုက်မှုကိုသာ လက်ခံခဲ့ကာ ရှေ့ဆက်တိုးခဲ့သည်။

သူမထိုအရာကိုလုပ်နိုင်ပါသည်။ သူမ​၏ခြေထောက်များက ထုံထိုင်းနေပြီး နှုတ်ခမ်းများက လှုပ်မရဖြစ်နေသော်လည်း သူမစိတ်ပိုင်းဖြတ်ထာပြီးသားပင်။

ခြေလှမ်းတစ်လှမ်း၊ ပြီးတော့နောက်တစ်လှမ်း။

ကလေးမ​၏လက်သေးသေးလေးများသည် မကြာခင်မှာတော့ မကောင်းဆိုးဝါး​၏အပြင်ဘက်အခွံကို ထိသွားခဲ့သည်။ အပြင်ဘက်အခွံတွင် အလွန်သေးငယ်သည့် ဒဏ်ရာတစ်ခုရှိနေသည်။ ရုတ်တရက်ထိတ်လန့်သွားသည့် မကောင်းဆိုးဝါး​၏မျက်လုံးများသည် တောက်ပလာသည်။ မကောင်းဆိုးဝါး​၏မျက်လုံးကို ရှောင်ရမည့်အစား သူမသည် သူ​၏မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။

“ငါ့ကိုတည့်တည့်ကြည့်။”

အနီးကပ်ကြည့်လိုက်သည့်အခါ ဒဏ်ရာဟာ တသ်ခုတည်းမဟုတ်နေ။ မကောင်းဆိုးဝါးခန္တာကိုယ်တစ်ခုလုံး​၏ အပြင်ဘက်အခွံကို မြောက်မြားသောဒဏ်ရာများက ဖုံးအုပ်ထားသည်။ 

မကောင်းဆိုးဝါးသည် သေးငယ်သောအသံဖြင့်ငိုကြွေး၏။ မည်သူကမှလည်းထိုဒဏ်ရာများကိုမမြင်ခဲ့မိလို့လည်းဖြစ်လောက်သည်။ထိုခြစ်ရာများသည် ဟိုးအရင်ချိန်တွေတည်းက ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ပြီး ထိုဒဏ်ရာများကပင် မကောင်းဆိုးဝါး​ဟူသည့် ဖြစ်တည်မှုကို ဖြစ်ပေါ်စေလေသည်။ ထိုဒဏ်ရာများကြောင့် မကောင်းဆိုးဝါးဟာ ပိုရျ်သန်မာလာသော်ငြား ပိုရျ်အထီးကျန်လာခဲ့၏။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now