ဂင်မ်ဒို့ဂျာထွက်ခွာသွားသည်မှာ လေးရက်မျှပင်ကြာမြင့်သွားခဲ့ပြီ။ ခံတပ်ကြီးသည် အရင်အတိုင်းရှိနေဆဲဖြစ်ပြီး ပျက်စီးမည့်လက္ခဏာဟူ၍တစ်စုံတစ်ရာမျှမပေါ်ပေါက်သေး။
ကောင်းကင်ဘုံ၏ ကောင်းကင်ကြီးမှာယခင်ကထက် ပိုငြိမ်းချမ်းနေပြီး ပိုရျ်အေးချမ်းနေသည်။ အီဂေလ်ယုန်းက ကောင်းကင်အားမော့ကြည့်ကာ လေးနက်သောအသံဖြင့်ပြော၏။ "ကျွန်တော်တို့တွေ စွန့်ပစ်ခံလိုက်ရပြီ"
"ဒီကလေးကတော့ စလာပြန်ပြီ"
"ဒို့ဂျာဟွန်းက ကျွန်တော်တို့ကိုစွန့်ပစ်သွားခဲ့ပြီဗျ" အီဂေလ်ယုန်းသည် အတော်လေးစိတ်ဓာတ်ကျနေခဲ့ပြီး ထိုစကားများကိုသာ နှစ်ရက်ဆက်တိုက်ပြောဆိုနေခဲ့လေသည်။
အနီးအနားရှိအီဂျီဟယ် က သူမ၏ဓားသွားအားသွေးနေရာနေရာမှ မျက်မှောင်ကြုတ်ပြီးပြန်ပြောလိုက်သည်။ "နင်ဘာလို့အဲ့လောက်ရေးကြီးခွင်ကျယ်တွေလုပ်နေတာလဲ?"
အီဂေလ်ယုန်းကပြန်ပြောသည် "အမတို့သိကြလား ဘယ်အချိန်မှာအဓိကဇာတ်ကောင်တစ်ယောက်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုထားသွားလဲဆိုတာ"
"..ဘယ်အချိန်လဲ?"
"လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အနှောက်အယှက်ဖြစ်လာတဲ့အချိန်ကျရင်"
"..."
"ခုကျွန်တော်တို့ကိုအသုံးမကျတဲ့သူတွေလို့ သူကသတ်မှတ်သွားပြီ!"
"..ဦးလေးကြီးကဘယ်လိုလုပ် အဓိကဇာတ်ဆောင်ဖြစ်မှာလဲ? အမှန်အတိုင်းပြောရရင် ငါ့ဆရာကသာ အဓိကဇာတ်ဆောင်ဖြစ်ဖို့ပိုသင့်တော်တာ။ ပြီးတော့ဒါကလည်းဝတ္ထုမှမဟုတ်ပဲ။" အီဂျီဟယ်သည်စိတ်တိုသွားပြီး သူမ၏အမူအရာများမှာလဲမှုန်ကုတ်ကုတ်ဖြစ်နေသည်။
လွန်ခဲ့သည့်၄ရက်အတွင်း သူတို့အဖွဲ့လေးသည် တည်ငြိမ်နေသေးသည်။၎င်းဟာ မူးယစ်ဆေးသုံးကာ ငြိမ်းချမ်းနေသည့်အလား။ အလွန်ငြိမ်းချမ်းနေသောကြောင့်လဲ သူတို့အားလုံးတည်ငြိမ်နေကြ၏။ မည်သူမှသူတို့အား ခြိမ်းခြောက်ခြင်းလဲမရှိသည့်အပြင် ဒီကမ္ဘာ၌စိတ်ပူစရာဟူ၍လဲမရှိ။