အခန်း ၁၆၅ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာရဲ့အချစ် (၄)

165 24 4
                                    

Unicode

Scroll down for Zawgyi

“ဆရာ!” အီဂျီဟယ်က ယူဂျွန်ဟော့ကိုတွေတော့အော်လိုက်သည်။ သို့သော် ယူဂျွန်ဟော့က သူမအား နည်းနည်းမျှ ဂရုမစိုက်ပါပဲပြန်မေး၏။

“ဂင်မ်ဒို့ဂျာဘယ်မှာလဲ?”

“...ဘာလို့ ဂင်မ်ဒို့ဂျာဦးလေးကြီးကို ရှာနေတာလဲ?”

ယူဂျွန်ဟော့ပြန်ဖြေတော့မည့်အချိန်မှာပဲ ယူဆန်းအာတစ်ယောက် ယူမီအာအားချီကာ လှပကျော့ရှင်းသောအမျိုးသမိးသဖွယ် မျက်နှာကြက်မှ သက်ဆင်းလာလေသည်။ အဖွဲ့သားများက သူမ​၏နာမည်ကို ခေါ်လာခဲ့သည်။သို့သော်ထိုနှုတ်ဆက်မှုကိုတုံ့ပြန်ရမည့်အစား ယူဆန်းအာကခပ်မြန်မြန်သာပြော၏။

 “ဒို့ဂျာရှီမှာ အန္တရာယ်ရှိနေပြီ။”

“ဟမ်?”

“ဒို့ဂျာရှီ ခုဘယ်မှာရှိနေလဲဆိုတာ သိကြလား?” 

ယူဂျွန်ဟော့လိုပင်, ယူဆန်းအာ​၏မျက်လုံးများဟာ  လူအများကြားထဲ ရင်တထိတ်ထိတ်ဖြင့် ရှာဖွေနေသည်။ သူမ ဂင်မ်ဒို့ဂျာကိုရှာမတွေ့။ အီဟွန်းဆုန်းက ခပ်မြန်မြန်ပြန်ဖြေ၏။ “ဒို့ဂျာရှီက လွန်ခဲ့တဲ့လေးရက်ထဲက ထွက်သွားတာ။”

“ဒို့ဂျာရှီမှာ အန္တရာယ် ရှိနေပြီဆိုတာဘာကိုပြောချင်တာလဲ?” ဂျောင်ဟီးဝန်က ထပ်မေးလိုက်သည်။ ကံဆိုးစွာဖြင့် သူမတွင်ရှင်းပြဖို့ရာအချိန်မရှိ။

အီဂျီဟယ်ကလည်း စိတ်မရှည်တော့သည့်အမူအရာဖြင့် ထပ်ပြောသည်။ “တစ်ခုခုမှားနေပြီဆိုတာသိလို့ ဒီကိုလာခဲ့တာမဟုတ်ဘူးလား? အန္တရာယ်ရှိနေတဲ့သူကငါတို့ပါနော် ဒို့ဂျာရှီမဟုတ်ဘူး။”

ယူဆန်းအာက အခြေအနေတွေအကြောင်းမသိသဖြင့် ပြန်ပြောလိုက်သည်။ “ဒီနေရာကထွက်သွားရအောင် ပြီးရင် ငါရှင်းပြမယ်။”

ကသောင်းကနင်းဖြစ်သွားသောကြောင့် မကောင်းဆိုးဝါးအများအပြားသည် ချိတ်ဆက်ထားသော လှိုဏ်ဂူများထဲမှ ထွက်ပေါ်လာသည်။ အီဂျီဟယ်က စိတ်ရှုပ်စွာပြော၏။ “သေစမ်း, ဂွန်ဖီလ်ဒုဦးလေးကြီးသား ဒီမှာရှိခဲ့ရင်…”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now