အခန်း ၁၇၃ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၄)

126 18 11
                                    

Unicode
Scroll down for Zawgyi

ဖြစ်နိုင်ချေမုန်တိုင်းများ၏လက္ခဏာများအားခံစားလိုက်ရစည်နှင့်အတူ သူကိုယ်ပတ်ပတ်လည်အား မီးပွားများ စတင်ရစ်ပတ်လာသည်။၎င်းဟာ ပုံပြင်အဆင်ကြယ်တာရာမဟုတ်သည့် တစ်ကိုယ်တော်ကြယ်တာရာတစ်ပါးအတွက် အတန်လေးကြီးသည့်ဝန်ထုပ်တစ်ခုပင်။

သူသည် ချော့ဂျောင်‌ယွန်းတစ်ယောက်တည်းနဲ့စစ်တပ်တစ်ခုလုံးအား ရင်ဆိုင်သည့်မှတ်တမ်းအား ချဲ့ကားလွန်းသည်ဟုထင်မိသည်။သို့သော် ချဲ့ကားလွန်းတာထက် ပုံပြင်တွေက ချုံ့လိုက်တာလို့ပြောရမည်။

တကယ်တမ်းက ချော့ဂျောင်ယွန်းဟာ ကြယ်တာရာတစ်ပါးဖြစ်လာပြီးနောက် ကမ္ဘာမှတ်တမ်းများထဲကထက်အဆပေါင်းများစွာ သန်မာလာခဲ့သည်။တနည်းဆိုသော် ဒီကြယ်တာရာအကြောင်းကြားရုံနဲ့ ကြောက်ရွံ့လာသည် ဓားသိုင်းသမားများပင်ရှိ၏။

သို့တိုင် သူသည်းခံထားရမည်။သူသာ ချော့ဂျောင်ယွန်း၏စိတ်ဝိဉာဉ်ကို မခံနိုင်ခဲ့ပါက ရက်ပေါင်း၁၀၀ချုပ်နှောင်မှုများ ကိုချို့ဖျက်နိုင်မည်မဟုတ်။

[လက်ရှိတွင်သင့်‘ကိန်းဂဏန်းများ’အားလုံးကို ချုပ်နှောင်ထားသည်။]

[သင့်ပင်မစကေလ်းများအားလုံး လက်ရှိတွင် ချုပ်နှောင်ခံထားရသည်။]

[ကျန်ရှိချိန် : ရက်၁၀၀]

ရက်ပေါင်း၁၀၀ချုပ်နှောင်မှုများ၊ကြယ်တာရာ ဟုန်ဂစ်၏ အမြင့်ဆုံးဖြစ်တည်မှု၃ပါးပိုင်ဆိုင်ထားသော ပစ်မှတ်၏အရည်အသွေးများကို ချုပ်နှောင်ထားနိုင်သည့် အဆင့်အမြင့်ဆုံးသော ချုပ်နှောင်စည်း။

[ကြက်သွန်ဖြူနဲ့ သစ်နံကိုင်း(ခ)မဲတီဒုတ် ကိုစားသုံးပြီး ရက်ပေါင်း၁၀၀တိတိတောင့်ခံပါ]

ဒါပေါ့ ဒီချုပ်နှောင်စည်းမျိုးက ဆိုးရွာလွန်းတဲ့အရာတော့မဟုတ်ဘူး။သူသာ ကြက်သွန်ဖြူနဲ့သစ်နံကိုင်းကြီးပဲ ရက်၁၀၀လောက်စားနိုင်မယ်ဆို ဟွာနင်ရဲ့ကောင်းချီးကိုရပြီး သူ့ခန္ဓာကိုယ်ရဲ့လုပ်နိုင်စွမ်းတွေကို နိုးထနိုင်မှာ။

သို့သော်လည်း ယခုကမူ အချိန်အလုံအလောက်မရှိ။ဟန်ဆူယုန်းက ကောင်းကင်ပေါ်မှကျလာသည့်  ကြက်သွန်ဖြူနဲ့သစ်နံကိုင်းကိုကြည့်ရင်း မေး၏။“ဟေး ပြီးခါနီးနေပြီမလား?”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now