အခန်း ၁၅၅: အပိုင်း (၃၀) - မဟူရာရဲတိုက် (၅)

123 29 1
                                    

အနှီမေးခွန်းဟာ နှစ်ပေါင်းများအတွင်း စတားစထရင်းထဲရှိမရေမတွက်နိုင်သောသက်ရှိများ လက်ခံရရှိထားသည့် မေးခွန်းတစ်ခုဖြစ်သည်။

"ဘာကြောင့်များ ဒီဇာတ်ကွက်ကြီးက တည်ရှိနေတာလဲ"

ဒီမေးခွန်းအတွက် ကွဲပြားတဲ့အဖြေတွေထွက်လာခဲ့တယ်။ ဥပမာပြောရရင် ပြန်လာသူ ခီရီးရော့စ်ရမ်ဒီ ကဒီလိုဖြေခဲ့တယ်: ဒီဇာတ်ကွက်သာမရှိရင် စကြဝဠာကြီးကအရမ်းကို အထီးကျန်ဆန်နေမှာပေါ့။

ကြယ်တာရာ အလင်းမဲ့နွေဦးရဲ့ဘုရင်မက ထိုတူညီတဲ့မေးခွန်းကိုပဲ "မင်းက ငါ့ကို အစားအစာတွေ ဘာလို့တည်ရှိနေရတာလဲလို့ မေးနေတာလား" ဆိုပြီးပြန်ပြောခဲ့၏။

နတ်ဆိုးဘုရင် အပ်စ်မိုးဒီးရပ်စ် ကလည်းဒီလိုပြန်ဖြေခဲ့သည် : အဲ့တာက ဒီထက်ပိုကြီးမားတဲ့ကပ်ဘေးကို ကာကွယ်ဖို့အတွက် ကပ်ဘေးငယ်လေးတစ်ခုပဲ လို့ပြန်ဖြေခဲ့ရဲ့။

ဒီအဖြေကိုကြားတဲ့သူတွေအတွက်ကတော့ စိတ်ကူးယဉ်ဆန်တာမျိုးမဟုတ်ရင် အယူအဆတစ်ခုလို့သာ ဖြစ်နေလိမ့်မည်။သို့ပေမည့် "စိတ်ကူးယဉ်ဆန်တာတွေ" နဲ့ "အယူအဆတွေဆိုတာ" ဟာလဲ နဂိုကထဲကပြည့်စုံ‌နေနှင့်ပြီးသား လူတွေအတွက်တော့ ဇိမ်ခံသက်သက်သာဖြစ်နေ၏။

ထို့အတွက်ကြောင့် မဟူရာရဲတိုက်ရဲ့ ဒုတိယထပ်က တော်ဝင်မျိုးနွယ်နတ်ဆိုး ‘တန်တစီယို’ အတွက်တော့ ဇာတ်ကွက်ရဲ့ဆိုလိုရင်းကအောက်ကပြောသလိုပဲ :

"စိတ်ပျက်စရာကြီးပါကွာ.."

ပြောရရင်တော့ ဒါကသူပြောနေကြပုံစံဆိုပေမယ့် သူ့ကိုယ်ပိုင်စကားတွေတော့ ဟုတ်မနေဘူး။ နေရာလွတ်မှာနှစ်၅၀လောက် နေခဲ့ရတဲ့သူအနေနဲ့ဆိုရင်တော့ ဒီလိုစကားမျိုးပြောမှာပါပဲ.. နှစ် ၅၀ ထိတောင်ရှင်သန်အောင် ကြိုးစားခဲ့ရတာဆိုတော့...

"ငါပင်ပန်းနေပြီ"

ဟိုးအနက်ဆုံးမှာရှိတဲ့ ချောက်လွင်ပြင်ကို ဖြတ်ပြီးစီးဆင်းနေတဲ့ မြစ်က နတ်ဆိုးတွေရဲ့ ကမ္ဘာထဲက "phoenix” ဆိုတဲ့ မြစ်ဖြစ်တယ်။ခုလို မဟူရာရဲတိုက်ကြီးရဲ့ ဒုတိယထပ်မှာ ခုလို ချောက်အကြီးကြီးတစ်ခု ဘာကြောင့် ဖြစ်နေတယ်ဆိုတာက ထူးဆန်းတယ်ဆိုပေမယ့် ဒါဟာ တန်တက်စီယို လိုနတ်ဆိုးအတွက်တော့ သာမာန်ပါပဲ။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now