အခန်း ၁၇၄ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၅)

143 19 2
                                    

Unicode
Scroll down for Zawgyi

ထိုအချိန်တွင် ဘီဟွန်းသည် ဆိုးလ်အုပ်ချုပ်ရေးဗျူရို၏ဌာနခွဲတွင် ရှိနေသည်။

ဆိုးလ်မြို့၏အမိုးခုံးလွတ်မြောက်မှုဇာတ်ညွှန်းအချိန်ကျရောက်လာတော့မည်ဖြစ်သည်။ အမိုးခုံးထဲရှိ ဒို့ကဲဘီများသည် ဇာတ်ညွှန်းကိုပြီးရန်အတွက်ကြိုးစားရင်း အလုပ်ရှုပ်နေကြသည်။

ဘီဟွန်းသည် ဗျူရို၏ခန်းမများအတိုင်းလျှောက်သွားပြီးနောက် သင်ကြားပြသပေးသူများနှင့်အတူအလုပ်တွဲလုပ်နေကြသည့် အဆင့်နိမ့်ဒို့ကဲဘီအသစ်များကို တွေ့လိုက်ရသည်။

အသစ်မွေးဖွားလာသည့်ဒို့ကဲဘီများ။ ၎င်းတို့သည် အခြေခံပညာရေးကို ဌာနခွဲ၏ပညာရေးစင်တာတွင် သင်ကြားခဲ့ပြီး ၎င်းတို့၏ကိုယ်ပိုင်ချယ်နယ်လ်များကို တာဝန်ခွဲအပ်စေပြီး စထရင်မာများအဖြစ်ပြန်လည်မွေးဖွားစေသည်။

“တကယ်လို့ကြယ်တာရာတွေ စိတ်ဝင်စားတာလျော့သွားပြီဆိုရင် ကြားဝင်ဖို့ကိုတုံ့ဆိုင်းမနေနဲ့။ မင်းတို့အနေနဲ့ ပေးထားတဲ့အဓိကဇာတ်ကွက်ကိုတိုက်ရိုက် စွက်ဖက်လို့မရမှာဖြစ်လို့ အပိုဆောင်းဇာတ်ကွက်ကိုသုံးပြီး လူကြားထဲမှာ အုံ့အော်သောင်းနင်းဖြစ်အောင်လုပ်ရင်လုပ် ဒါမှမဟုတ်ရင် အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုကိုဖန်တီး။”

“ကြယ်တာရာတွေက ဇာတ်ကောင်တွေရဲ့ပြဿနာတွေကြောင့် စိတ်ရှုပ်ရမယ့် အခြေအနေမျိုးတွေကိုတော့မဖန်တီးနဲ့။ လူကောင်းကလူကောင်းပဲ လူဆိုးကလူဆိုးပဲ။ ကွဲပြားခြားနားချက်ကို သေချာရှင်းလင်းအောင်လုပ်ထားကြ။ ဒီလိုနည်းနဲ့ ကြယ်တာရာတွေ သူတို့ဒေါသထွက်ရမဲ့အရာတွေကို လွယ်လင်ျကူဆုံးဖြတ်နိုင်မှာ”

“ပွဲတိုင်းရဲ့အလယ်မှာ လူဝင်စားရှိနေဖို့မက်လုံးပေးပြော။ ဒါပေမယ့်လို့ အဓိကလူဝင်စားအပေါ်ကိုသာအာရုံစိုက်ပြီး အဲ့လူဝင်စားအနားမှာပဲပွဲကိုဗဟိုပြုထား။ အဲ့ဒါကအတုအယောင် ခံစားချက်မျိုးလဲ မဖြစ်စေရဘူး။”

သင်ကြားပြသပေးသည့်ဆရာက ထိုစကားလုံးများကိုပြောဆိုပြီး အဆင့်နိမ့် ဒို့ကဲဘီများက၎င်းတို့ကိုလိုက်မှတ်ရျ်မအားဖြစ်နေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now