အခန်း ၁၇၇ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၈)

82 12 1
                                    

Unicode 

Scroll down for Zawgyi

စတားစထရင်းတလျှောက်ပြန့်ကျဲ‌နေသောချော့ဂျောင်ယွန်း၏ပုံပြင်များစတင်စုစည်းလာစဉ် ချော့ဂျောင်ယွန်း၏ပုံပြင်များသူ့ကိုယ်တွင်း၌ပါ ပြည့်နှက်လာသည်။၎င်းဟာ ဖတ်ရှုရုံဖြင့် ဖတ်ရှုသူ၏တည်ရှိမှုအဆင့်ကိုတိုးတတ်စေသောပုံပြင်ကောင်းတစ်ပုဒ်ပင်။

[ပုံပြင်‘နဂါး၏သွေး’အားသိရှိလာကြသည်။]

[စစ်တပ်တစ်တပ်အားဓားတစ်ချောင်းတည်းဖြင့် ဖြိုခွင်းခြင်း ဇာတ်လမ်းအား စတင်သိရှိလာသည်။]

[‘စစ်မြေပြင်ရဲ့အမဲလိုက်သမား’ ဇာတ်လမ်းအား စတင်သိရှိလာကြသည်။]

  ⌈ သူကမွေးထဲကသန်မာတဲ့လူ။သူကနဂါးမျိုးဆက်ကနေဆင်းသက်လာတာ ⌋

  ⌈ “ချော့ဂျောင်ယွန်း! ချော့ဂျောင်ယွန်းရောက်လာပြီ! ⌋

  ⌈ “တစ်ယောက်တည်းနဲ့ရန်သူ၃၆ယောက်ကိုသတ်လိုက်တယ်” ⌋

ချော့ဂျောင်ယွန်းမွေးဖွားသည့်အချိန်မှစရျ် ယခုအထိ, သူသည် ဇာတ်ညွှန်းဟူသည့်အရာကိုမကြားဖူးသော်လည်း ဇာတ်ညွှန်း၏အစိတ်အပိုင်းဖြစ်သည့် ဇာတ်လမ်းများကိုတော့ ကြားဖူးနေသည်။

[‘ဇာတ်ကွက်မှနှင်ခံရသူ ဇာတ်လမ်း’အား စတင်သိရှိလာကြပါပြီ။]

[“သူကအရမ်းအားကြီးလွန်းတယ်။ သူ့ကိုဇာတ်ညွှန်းထဲကဖယ်လိုက်ကြ။ သူ့ကိုတစ်ခြားကမ္ဘာကို ပို့လို့ရမဲ့ဘယ်နည်းမဆို အကုန်သုံး]

သူသည် ဖြတ်သွားနေသည့်သမိုင်းကြောင်းများကိုကြည့်နေပြီး ချော့ဂျောင်ယွန်းအတိုင်း သူသည် ဒေါသ, ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ကိုခံစားရသည်။ စိတ်ခံစားချက်များလုံးထွေးပြီးသည့်နောက်တွင်, ချော့ဂျောင်ယွန်း၏မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးကိုမြင်တွေ့လိုက်ရသည်။ သူသည် ချော့ဂျောင်ယွန်းအား တစ်ခါမျှမတွေ့ဖူးသော်လည်း အခြားသူများထက် ချော့ဂျောင်ယွန်းအားပိုသိသည်နှင့်တူသည်။

ဇာတ်လမ်းမှာ ချော့ဂျောင်ယွန်းဖြစ်သည်။

“ဘာလို့ကျွန်တော့ကိုကူညီဖို့ဒီလောက်ထိလုပ်နေရတာလဲ?”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now