အခန်း ၁၆၇ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​၏အချစ် (၆)

121 25 2
                                    

Unicode

Scroll down for Zawgyi

လေထုဟာ တိုက်လေယာဉ်တစ်စီးဖျက်တိုက်သွားသကဲ့သလို့ ပေါက်ကွဲကာ ရွှေရောင်အစွမ်းဖြင့် ထိမိသွားသည့်နေရာများသည် တစ်စစီအက်ကွဲကုန်၏။ ထိုအက်ကွဲကြောင်းထဲ ညှပ်ပါသွားသည့် မကောင်းဆိုးဝါးများဟာ အော်ချိန်တောင်မရလိုက်ပဲ အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသည်။ ရွှေရောင်အလင်းရောင်သည် အဆင့်၄နှင့်၅ရှိသည့် မျိုးစိတ်များကို အဝေးသို့လွင့်ထွက်သွားစေသည်။

ကောင်းကင်ချိုးဖြတ်ဓား။၎င်းဟာ ကောင်းကင်အားပိုင်းဖြတ်ပစ်သည့်ဓားသွားတို့၏လာရာလမ်းပင်။

ပတ်ဝန်းကျင်အား ၁၀မိနစ်အတွင်းလွယ်လင့်တကူ ဖျက်ဆီးနိုင်သော အဆင့်၃ရှိသည့် မကောင်းဆိုးဝါးများသည်ပင် ထိုဓားသွားအား မလွန်ဆန်နိုင်ကြဘဲ အော်ဟစ်ငြီးငြူကုန်၏။

ယူဂျွန်ဟော့သည် ထိုဓားသိုင်းအားဘယ်လောက်ကြာကြာ လေ့ကျင့်ခဲ့ပါလိမ့်? ၁၀နှစ်? အနှစ် ၂၀? အကယ်ရျ် သူသာ မဟူရာဒိုင်မန်းရှင်းထဲ လေ့ကျင့်ခဲ့သည့်အချိန်တွေကိုသာပေါင်းစပ်လိုက်မည်ဆို နှစ်ပေါင်း၁၀၀ပင် ကျော်ကောင်းကျော်နိုင်သည်။ ထိုနှစ်ပေါင်းများစွာ​၏ကျေးဇူးကြောင့် ယူဂျွန်ဟော့သည် လူသားမျိုးနွယ်​၏ထိပ်ခေါင်သို့ တတ်ရောက်နိုင်ခဲ့၏။

‘ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်တွေကနိမ့်နေပေမယ့်လို့ လုပ်တော့လုပ်နိုင်နေသေးတယ်’

ယူဂျွန်ဟော့က ဝန်ပိနေသောသူ့ခန္ဓာကိုယ်အား ချုပ်ထိန်းကာ ဓားအားအဆက်မပြတ် လွှဲရမ်းသည်။ ဘယ်လောက်ပင် သန်မာနေပါစေ ထိုသာလွန်နေသောအစွမ်းဟာ ကြာရှည်မခံ။သူ့အဆင့်ဟာ ဆရာဖြစ်သူကောင်းကင်ဘုံဓားသွားသူတော်စင်ထက် အတော်လေးနိမ့်နေသေး၏။

သော်ငြား သူ့အစွမ်းများဟာ သာမန်‘အစွမ်း’အုပ်စု များရဲ့ အလွန်တွင်ရှိနေခဲ့သည်။ မကောင်းဆိုးဝါးများသည် ဗျောက်အိုးများကဲ့သို့ တဖျက်ဖျက်ပေါက်ထွက်ကုန်ပြီး ရေန်းဟေ့ကမူ အံ့ဩနေခဲ့၏။

[သာလွန်ထူးခြားတာနဲ့ပတ်သတ်တဲ့ကောလဟာလတွေက မမှားဘူးပဲ?ဒါပေမဲ့ ပြန်လာသူတစ်ယောက်မဟုတ်တဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ်...?]

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now