အခန်း ၁၈၇ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၆)

59 14 1
                                    

Unicode
Scroll down for Zawgyi

အဖွဲ့ဝင်များသည် သူ့အားရှုပ်ထွေးသောအကြည့်တို့ဖြင့်ကြည့်နေကြသည်။ အမူအရာများက သူတို့သည်ဖြစ်နေသည့်အရာများအား မသိသည့်ပုံစံဖြစ်နေကြသည်။ ယူဂျွန်ဟော့ကတော့ နံရံနှင့်တိုက်မိထားရျ် သွေးများအန်နေဆဲဖြစ်သည်။

ဟောခန်း၏နံရံအားစိုက်မကြည့်ခင် သူတို့အား ခေတ္တကြည့်လိုက်သည်။ သူ၏ပုံပန်းသွင်ပြင်သည် အရောင်တင်ထားသည့်ကျောက်တုံးနံရံပေါ်တွင် ရောင်ပြန်ဟပ်နေသည်။

အနက်ရောင်အတောင်ပံများသူ၏ပခုံးပေါ်မှ ထွက်ပေါ်လာပြီး သူ၏ခေါင်းပေါ်မှ ဂျိုသေးသေးလေးများထွက်ပေါ်လာသည်။ နနတ်ဆိုးစွမ်းအင်များသည် သူ့အရေပြားပေါ်တွင် stigma ကဲ့သို့စွဲထင်နေသည်။သူ့ခန္ဓာကိုယ်သည် ပုံမှန်ထက် သုံးဆသို့မဟုတ် လေးဆလောက်ကြီးထွားလာခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက်သားများသည် ကြီးမားလာသည်။

“ဒါ-ဒါအဓိပ္ပာယ်မရှိတာပဲ! ဘာလို့ဒို့ဂျာရှီကနတ်ဆိုးဘုရင်လဲ…?”

“ဒါဘာကြီးလ? ငါတို့ဘာလုပ်ရမလဲ?”

ယူဆန်းအာနှင့် အီဂျီဟယ်တို့အော်လိုက်ကြသည်။

ဂျောင်ဟီးဝန်, အီဟွန်းဆုန်း, အီဂေလ်ယုန်း, ရှင်းယူဆွန်း…ချိုရောင်ရန်နှင့် ဂွန်ဖီလ်ဒု။ အကုန်လုံးသည် သူ့အားလန့်သွားကြသည့်အမူအရာဖြင့်ကြည့်နေကြသည်။

သူတို့အားကြည့်လိုက်ပြီး သူပါးစပ်ဖွင့်လိုက်သည်။ “ခုကစပြီး မင်းတို့ငါ့ကိုအမဲလိုက်ရတော့မယ်။”

[၇၃ယောက်မြောက်နတ်ဆိုးဘုရင်၏ ပထအပိုင်းစတင်ပါတော့မည်။]

[တိုက်ခိုက်ရမည့်အချိန်အကန့်အသတ်သည် မိနစ်၃၀ဖြစ်ပါသည်။]

“အချိန်မရှိတော့ဘူး။ မြန်မြန်စကြတော့။”

ခံ့ညားထိန်ဝါသည့်အင်အားသည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းနေသည်။ အကယ်ရျ်သူသည် ပြင်းထန်စွာရိုက်ခတ်ခြင်းကိုခံခဲ့ရလျှင်တောင် ပေးထားသည့်အချိန်အတောအတွင်းတွင် အဖွဲ့ဝင်များသည် သူ၏ခံနိုင်ရည်အားလျော့နိုင်ပါ့မလားဆိုတာအား မစဉ်းစားပဲမနေနိုင်ဖြစ်နေခဲ့သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now