အခန်း ၁၇၉ - အပိုင်း ၃၄ - စား၍မရနိုင်သော (၁)

62 14 1
                                    

Unicode 

Scroll down for Zawgyi

သူ​၏ဂုတ်အားကိုင်ထားရင်းယူဂျွန်ဟော့​၏အမူအရာသည် တဖြည်းဖြည်းပြောင်းလာခဲ့သည်။ အရင်တစ်ခေါက်တွင်, သူသည် လေထဲမှတစ်ဆင့်ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။ 

အခုတွင်တော့ အရာအားလုံးသည် ပြောင်းပြန်ဖြစ်နေခဲ့သည်။ ပြုတ်ကျရမည့်အစား လေထဲမှတစ်ဆင့်ပျံသန်းသွားခဲ့သည်။ ယူဂျွန်ဟော့သည် သူတက်နိုင်သလောက် ပစ်ပေးလိုက်သည်။

ယူဂျွန်ဟော့ကသူ့အားကြည့်နေခဲ့သည်။ သူ​၏အမူအရာက ဂင်မ်ဒိုဂျာမသေနိုင်ဘူးဆိုတာကို သေချာနေသလို သူ​၏အသံကိုမကြားရသော်လည်း သူဘာပြောနေသည်ဆိုတာကို သူပြောနိုင်၏။

“အဲ့ကောင်ကိုတစ်ချက်ကျွေးလိုက် ဂင်မ်ဒိုဂျာ။”

သူပြန်ဖြေမည့်အချိန်တွင် လက်တံများသည် သူ​၏အကြည့်ကိုပိတ်ပင်လိုက်သည်။

လက်တံများ​၏တိုက်ခိုက်မှုသည် သူ့အားဆံပင်မွှေး​၏အရှည်မျှသည လွဲချော်သွားခဲ့ပြီး အိမ်မက်များကိုစားသုံးသူ​၏ခန္ဓာကိုယ်ပေါ်သို့ သူဆင်းသက်နိုင်ခဲ့သည်။ သူ​၏လက်မောင်းများတွင်ကျန်နေသေးသည့် ခွန်အားများကို ခန္ဓာကိုယ်ကိုဆုပ်ကိုင်ရန်အတွက် စုစည်းလိုက်ပြီး ဒဏ်ရာဆီသို့ဆက်သွားလိုက်သည်။

အထိအတွေ့နှင့်ပင် ထိုသူသည် အသက်အားချိန်းခြောက်သည့်တည်ရှိမှုဖြစ်နေသည်။ အကယ်ရျ်သူသာ လူဝင်စားဖြစ်နေခဲ့မည်ဆိုလျှင်, သူသည် သတိမေ့ခြင်း သို့မဟုတ် သေဆုံးခဲ့ပြီဖြစ်လိမ့်မည်။ သူသာဆင်းသက်မှုကိုပြီးဆုံးခဲ့မည်ဆိုလျှင်… ဘာဆက်ဖြစ်လာနိုင်မည်ဆိုတာကိုတွေးရန်မှာ ကြောက်ဖို့ကောင်းလှသည်။

သူ​၏ခန္ဓာကိုယ်ကို ဒဏ်ရာထံသို့ ပစ်တင်လိုက်သည်။

[...ငါတောင်းပန်ပါတယ်။ ငါမင်းနဲ့တူတူလိုက်လို့မရဘူး။]

သူ​၏ခန္ဓာကိုယ်မှပါဝါများလျော့နည်းသွားလာပြီး ချော့ဂျောင်ယွန်း​၏ခွန်အားသည် ပြန့်ကျဲလာသည်ကို သူခံစားမိလိုက်သည်။ သူကြိုတင်ခန့်မှန်းထားသည်ဖြစ်သည့်အတွက် စိတ်ချောက်ချားသွားခြင်းမရှိ။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now