အခန်း ၁၈၆ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၅)

62 16 1
                                    


Unicode
Scroll down for Zawgyi

-ရပ်စမ်း! ခွေးကောင် ရပ်စမ်းလို့!

ထိုအချိန်တွင်, ဆိုလ်းဌာနခွဲ၏ဖန်သားပြင်တွင် အဓိကဇာတ်ကွက်အား ပြသနေသည်။ အချို့သောဒို့ကဲဘီများသည် ဖန်သားပြင်ပေါ်တွင် မှော်အစွမ်းမုန်တိုင်းအားကြည့်ရင်း သက်ပြင်းချနေကြသည်။

ဒို့ကဲဘီများသည် ထိုအရာကိုသိနှင့်ပြီးသားဖြစ်သည်။ ယခုမှစရျ် ပြသတော့မည့်ဇာတ်ညွှန်းသည် ဆိုလ်းအမိုးခုံးဇာတ်ညွှန်းစသည့်အချိန်မှစရျ် အကောင်းဆုံးဇာတ်ညွှန်းတစ်ခုဖြစ်လိမ့်မည်။

ဘီဟွန်းသည်လည်း ၎င်းတို့ထဲမှတစ်ဦးအပါအဝင်ဖြစ်ပြီး မြင်ကွင်းကိုကြည့်နေသည်။

-ယူဂျွန်ဟော့! အဲ့ သောက်■■■မျိုးမစစ်...!လုပ်စမ်းပါ!

-အကုန်လုံးသူ့ကိုတားကြလေ! ယူဂျွန်ဟော့ကိုတားကြ!

အချို့သောဒို့ကဲဘီများသည် ၎င်းတို့၏မကျေနပ်ချက်များကိုပြသနေကြသည်။ သို့ရာတွင် ဘီဟွန်းကတော့ကွဲပြားပါသည်။ ဆင်ဆာဖျက်ထားသည်များရောထွေးနေသော်လည်း သူတို့၏စကားများကိုအတိုင်းအတာတစ်ခုထိ ဘီဟွန်းသည် နားလည်လာနိုင်ပြီဖြစ်သည်။

အချို့သောစကားလုံးများသည် အပြည့်အဝမရေးထားလျှင်တောင် ဖတ်နိုင်လာသည်။ ထိုအခြေအနေသည် ချယ်နယ်လ်အားကြည့်လာသည့် ကြယ်တာရာများအတွက်လည်း မှန်ကောင်းမှန်နိုင်သည်။

ထိုမှမဟုတ်လျှင် ဖော်ပြပါအမှာစာသည် ပေါ်လာမည်မဟုတ်ပါ။

[ကြယ်တာရာ နတ်ဆိုးကဲ့သို့မီးတရားရှင်သည် ဆိုးရွားသည့်အခြေအနေအပေါ် စိတ်ပျက်နေသည်။]

[ကြယ်တာရာ ရွေခေါင်းဆောင်း၏အကျဉ်းသားသည် ၎င်း၏ဆံပင်များကိုအလုံးလိုက်ဆွဲနေသည်။]

[ကြယ်တာရာ အသူရာမှောင်မိုက်မီးလျှံနဂါးသည် အနှောင့်အယှက်ဖြစ်နေသည်။]

[ကြယ်တာရာ ပဟေဠိအကြံရှင်သည် အခြေအနေအားတိတ်ဆိတ်စွာကြည့်နေသည်။]

-

-

[အချို့သောကြယ်တာရာများသည် နက်ဗျူလာ၏ရက်စက်ကြမ်းကြုတ်မှုအပေါ် နာကျည်းနေကြသည်။]

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now