အခန်း ၁၈၅ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၄)

49 16 1
                                    

Unicode
Scroll down for Zawgyi

“ဟေး! မင်းဘာပေါကရတွေပြောနေတာလဲ?” ယူဂျွန်ဟော့ထံအပြေးအလွှားပြေးရင်း ပြော၏။

ယူဂျွန်ဟော့သည် ကျောက်စိမ်းအပိုင်းအစအားကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါများထွက်ပေါ်လာသည်။

[ရွေးချယ်ခံရသည့်သူသည် နတ်ဆိုးဘုရင်အဖြစ်သို့ပြောင်းလဲနေပါသည်။!]

ကျောက်စိမ်း၏ရွေးချယ်မှုကိုခံရသူသည် ၇၃ယောက်မြောက်နတ်ဆိုးဘုရင်ဖြစ်လာခဲ့သည်။

-မင်းအဲ့ဒီရည်ရွယ်ချက်ကို ဘာပဲဖြစ်ဖြစ်လက်မလျှော့ဘူးဆိုတာ ကတိပေးနိုင်လား?

လွန်ခဲ့သည့်ရက်အနည်းငယ်ကပင်, ယူဂျွန်ဟော့သည် သူ၏ရည်ရွယ်ချက်နှင့်ပတ်သက်ရျ် အဓိပ္ပာယ်ရှိသည့်မေးခွန်းတစ်ခုကိုမေးခဲ့သည်။ သူ့ပန်းတိုင်ဟာ ဇာတ်ကွက်များ၏အဆုံးသတ်အား ရောက်ရှိရန်ဖြစ်သည်။

မဟုတ်မှ...?ဟင့်အင်း မဖြစ်နိုင်တာ။သူဟာအာခေါင်ကွဲမတတ်အော်ဟစ်ရင်း“ယူဂျွန်ဟော့ မင်းခွေးမသား!”

ထို့နောက် စတီးလ်ဝိုင်ယာကြိုးများ လေထဲတွင်ရွေ့လျားနေသည့်အသံကိုကြားလိုက်ရသည်။ ဒါဇင်နှင့်ချီသည့် ဝါယာကြိုးများသည် ယူဂျွန်ဟော့အပေါ်သို့ ကျလာပြီး, ၎င်းတို့ထဲကတစ်ချောင်းသည် ယူဂျွန်ဟော့လက်ထဲရှိ ကျောက်စိမ်းကို ဆွဲယူလိုက်သည်။

[နတ်ဆိုးဘုရင်၏အမွေဆက်ခံမှုသည် ပျက်ပြယ်သွားပါသည်။]

ယူဂျွန်ဟော့၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့်အမူအရာပေါ်လာခဲ့သည်။

“ဒို့ဂျာရှီ!”

နောက်လှည့်ကြည့်လိုက်သောအခါ ယူဆန်းအာ၏လက်အား ဒါဇင်နှင့်ချီသည့်ကြိုးများက ဆွဲဆန့်နေသည်ကိုတွေ့လိုက်ရသည်။ လူတွေအကုန်လုံးငြိမ်သက်သွားချိန်တွင်, သူမတစ်ယောက်သာစိတ်ထိန်းထားနိုင်ခဲ့သည်။ နတ်ဆိုး၏ကျောက်စိမ်းကို ချည်သည့်ကြိုးမြှင်ဖြင့်ချည်နှောင်လိုက်ပြီးနောက် အခြားတစ်ဖက်သို့လွင့်ထွက်သွားခဲ့သည်။ ယူဂျွန်ဟော့သည် အတော်လေးပြင်းသည့် သတ်ဖြတ်ချင်သည့်စိတ်အား ထုတ်လာ၏။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now