အပိုင်း ၁၅၀ : ကြယ်တာရာတို့၏ပွဲတော် (၅)

119 17 2
                                    

စတိတ်စင်၏အဆုံးနားတွင် အခန်းငယ်ခြောက်ခန်းအား ပုံပြင်ဆက်ခံခြင်းအစပိုင်းအတွက် ပြင်ဆင်ပေးထားသည်။အခန်းအရေအတွက်ဟာ ပုံပြင်ဆက်ခံခြင်းအတွင်းပါဝင်မည့် လူဝင်စားများအရေအတွက်အတိအကျ ပြုလုပ်ထားခြင်းဖြစ်သည်။

-လူဝင်စားများအားလုံး ကျေးဇူးပြုပြီး လျို့ဝှက်ချက်တို့အခန်း ထဲသို့ အခုချက်ခြင်းဝင်ရောက်ပေးပါ!

ပုံပြင်ဆက်ခံခြင်းစနစ်ဟာ အလွန်ကိုမှရိုးရှင်းပါသည်။လူဝင်စားများဟာ ထိုလျို့ဝှက်ချက်တို့အခန်းမှတဆင့် ကြယ်တာရာများနှင့် အဆက်အသွယ်ပြုနိုင်ပြီး ထိုသူတို့၏သတ်မှတ်ချက်များအားလုံးကိုလည်း သိရနိုင်သည်။အဲ့နောက်မှာတော့ လူဝင်စားတွေဟာ စတိတ်စင်ပေါ်တဖန်တတ်ကာ သူတို့လက်ခံမည့်ပုံပြင်အား ကြေညာကြပေလိမ့်မည်။

‘လူဝင်စားဂင်မ်ဒို့ဂျာ’ဟူသောအမည်ပါရှိသည့် နာမည်ကဒ်ပြားဟာ ထိုနေရာတွင်ရှိနေသည်။သူ ယူဂျွန်ဟော့အား ပြော၏။“နောက်မှတွေ့မယ်”

ယူဂျွန်ဟော့ကမူ ပြန်မဖြေပါဘဲ ဝင်ရောက်ရမည့်အခန်းတွင်းသို့ ဝင်သွားလေသည်။သူသည်လည်း အခန်းတွင်းသို့ဝင်လိုက်ပြီး ထိုင်ခုံနေရာတွင်ဝင်ထိုင်သည်။ထိုအချိန်၌ အပြင်ဘက်ရှိအသံများဟာ လုံးဝ‌ဥဿုံပျက်သုဉ်းသွားချေပြီ။၎င်းဟာ ဒီနေရာကြီးတစ်ခုလုံး သီးခြားဖြစ်တည်နေသကဲ့သို့။

[လျို့ဝှက်ချက်တို့အခန်း]

၎င်းဟာ စတားစထရင်းအတွင်း ကွန်ဖီဒန်ရှယ်အနိုင်ဆုံးနေရာများထဲမှတစ်နေရာပင်။ဒီနေရာအတွင်းဖြစ်ခဲ့သည့်ကိစ္စများအား ချန်နယ်၏ဒိုကဲဘီများပါ သိခွင့်မရကြ။

[သင်သည် လျို့ဝှက်ချက်တို့အခန်း ၏အရှင်သခင် တစ်နာရီဖြစ်လာသည်။]

[သင့်အား လျို့ဝှက်ချက်တို့အခန်း၏ရပိုင်ခွင့်များအား ပေးအပ်ထားသည်။]

[သင် လျို့ဝှက်ချက်တို့အခန်းအား အသုံးပြုနိုင်သည့်အချိန်ဟာ တစ်နာရီဖြစ်သည်။]

[ဖြစ်နိုင်ပါက ထိုအချိန်အတွင်း ကြယ်တာရာများနှင့်များနိုင်သမျှများများ အဆက်အသွယ်ပြုပါ။]

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now