အခန်း ၁၈၈ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၇)

160 21 10
                                    

Unicode
Scroll down for Zawgyi

မီးပွားများ၏ရိုက်ခတ်ခြင်းအားခံလိုက်ရပြီး နာကျင်မှုဟာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံ့နှံ့သွားခဲ့သည်။

…နာတယ်။တကယ့်ကိုနာတာ။မြင့်မားလွန်းသောအပူချိန်ကြောင့်သူ၏အရေပြားသည် ကွဲအက်လာပြီး မျက်လုံးများမှာလည်း ပြူးကျယ်လာခဲ့သည်။

ဂျောင်ဟီးဝန်သည် သူမ၏မျက်ရည်များကို အန်တုရင်းသူ့အားဆက်လက်တိုက်ခိုက်နေခဲ့သည်။ မကောင်းဆိုးဝါးများအားဖျက်ဆီးသည့် မီးတောက်သည် သူ၏ဒဏ်ရာများနှင့်အသားများအားလုံးအား လောင်မြိုက်သွားစေသည်။

စတုတ္ထတံတိုင်းကြောင့်သာမဟုတ်လျှင် ထိုနာကျင်မှုကြောင့် မေ့မြောသွားနိုင်သည်။ သို့ရာတွင်လည်း သူ၏ခန္ဓာကိုယ်သည် ပြိုလဲမသွား။

လန့်သွားသည့်ဂျောင်ဟီးဝန်ကမေးလိုက်သည်။ “ရှင့်ရဲ့ကိုယ်ကဘာတွေဖြစ်နေတာလဲ?”

“...ကြည့်ရတာ ထိခိုက်ချက်တွေကမလုံလောက်ဘူးထင်တယ်။”

သူ၏သက်လုံအားအသုံးပြုမှုနှုန်းမှာ တိုးသွားသော်လည်း ကျန်ရှိနေသေးသည့်အချိန်အတွင်း သူ့အားသတ်ရန်မလုံလောက်ပါ။ ဂျောင်ဟီးဝန်တောင်ပင် မလုံလောက်မည်ဟုသူမတွေးခဲ့မိပါ။

အမှန်အတိုင်းဆိုရလျှင်၊ သူသည်ပြောစရာမဲ့နေခဲ့သည်။ ဖြစ်နိုင်သည်မှာ သူသည် ‘ဇာတ်ကြောင်းပြန်အဆင့်’ ဖြစ်ရန်အတွက် သတ်မှတ်ခံထားရခြင်းကြောင့်ဖြစ်နိုင်သည်။

[နက်ဗျူလာဗီးဒပ်စ်သည် သင်၏နာကျင်မှုအပေါ် ဝမ်းမြောက်နေသည်။]

[တိုက်ခိုက်ရန်ကျန်ရှိနေသေးသည့်အချိန်မှာ ၁၀ မိနစ်ဖြစ်သည်။]

[နက်ဗျူလာပါပီရပ်စ်၏ကြယ်တာရာများသည် အောင်ပွဲခံနေကြသည်။]

ထိုအရာသည်အစသာရှိသေးသည်။ ကြီးမားသည့်လှိုင်းလုံးကြီးသည် ဟောခန်းတွင် ပျံ့နှံ့သွားခဲ့ပြီး သူ၏ခန္တာကိုယ်သည် စတင်ကြီးထွားလာပြန်သည်။

[၇၃ယောက်မြောက်နတ်ဆိုးဘုရင်၏ တတိယပိုင်းစတင်နေပါပြီ။]

[သင်၏ခန္ဓာကိုယ်သည် မာကြောလာပါပြီ။]

You've reached the end of published parts.

⏰ Last updated: Feb 26 ⏰

Add this story to your Library to get notified about new parts!

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now