အခန်း ၁၇၆ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၇)

147 22 2
                                    

Unicode

Scroll down for Zawgyi

သူခေါင်းငြိမ့်ကာ ပြော၏ “ဒါပေမယ့် သူ့ကိုမသတ်နဲ့”

“...ငါတို့အနိုင်ပိုင်းမှရမယ်။ အဲ့အမျိုးသမီးက ပူးပေါင်းဖို့စိတ်ကူးမရှိဘူး။”

သွေးများဖြင့်ရွှဲစိုနေသော သူ့အမေကိုကြည့်လိုက်သည်။ထိုသွေးတွေဟာ သူ့အမေသွေးတွေလား ဒါမဟုတ် တခြားသူရဲ့သွေးတွေလားဆိုတာ သူမသိ။

သို့သော် သူမလစ်မစ်ကိုရောက်နေပြီဆိုတာ သိသာ၏။ သူမသည်အဓိပ္ပာယ်ရှိသော ဖြစ်နိုင်ခြေနှင့်တိုက်ခိုက်နေခဲ့သော်လည်း သူမ​၏ကာယခွန်အားဟာ ကုန်ဆုံးနေလောက်ပြီဖြစ်သည်။၎င်းဟာ ရှောင်လွှဲမရနိုင်သောရလဒ်ပင်။

သူမသည်တစ်ယောက်တည်းဖြစ်နေခဲ့ပြီး ထိုနေရာတွင် ယူဂျွန်ဟော့ရှိနေခဲ့သည်။

ယူဂျွန်ဟော့သည် ထူးကဲသာလွန်သူတစ်ဦးဖြစ်လာခဲ့ပြီးနောက် ငြိမ်းချမ်းရေးမြေပြင်နှင့် ယှဉ်လိုက်လျှင် အလွန်ကွာခြားတဲ့နေရာတစ်ခုတွင်ရှိနေသည်။ ဇာတ်လမ်းသည်ဘယ်လောက်ကောင်းမွန်နေပါစေ၊ အရိပ်သက်သက်နှင့်ပဲတော့ ဖြစ်နိုင်မည်မဟုတ်။

ထိုသို့ကြီးမြတ်သာလွန်သူတစ်ဦးနှင့်ယှဉ်ရာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုအား မဆုံးရှုံးပဲနှင့်တော့ အနိုင်ယူနိုင်မည်မဟုတ်။ သို့သော် သူ​၏အမေတွင် လုံလောက်သည့် ဖြစ်နိုင်ခြေများ မကျန်တော့။

[ကြယ်တာရာ နတ်ဆိုးကဲ့သို့မီးတရားရှင် သည် တံတွေးမြိုချလိုက်သည်။]

[ကြယ်တာရာ ရွှေခေါင်းဆောင်း​၏အကျဉ်းသားသည် သင်​၏ရွေးချယ်မှုအပေါ် စိတ်ဝင်စားမှုရှိနေသည်]

[ကြယ်တာရာ အသူရာမှောင်မိုက်မီးလျှံနဂါးသည် သင်​၏ရက်စက်သောအပြုအမူအပေါ် ကြည့်ရှုနေသည်။]

သူ​၏အဖွဲ့ဝင်များကိုထားခဲ့ပြီး သူ့အမေထံသို့သွားလိုက်သည်။ “မကြိုးစားနဲ့တော့။”

[စတုတ္ထနံရံသည် ဖြည်းညင်းစွာ တုန်ခါနေသည်။]

“ဘာလို့အမေ့ကိုတားနေရတာလဲ?”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now