အခန်း ၁၅၆: အပိုင်း (၃၀) - မဟူရာရဲတိုက် (၆)

117 24 1
                                    

Unicode


“ယူဂျွန်ဟော့?”

ရုတ်တရက်ကြီး ဒါမျိုးကဘယ်လိုအခြေအနေမျိုးကြီးပါလိမ့်?

မဟူရာရဲတိုက်ဒုတိယထပ်ရှိ အသန်မာဆုံးဖြစ်သော နတ်ဆိုးများသည် စမ်းသပ်ရန်အတွက်ငှာ ရံဖန်ရံခါ သက်ဆင်းလာတတ်သည်။ ဒီလိုစမ်းသပ်ခြင်းမျိုးသည် ရှင်သန်ရာနည်းလမ်းများတွင် ဖြစ်ခဲ့ဖူး၏။ မည်သို့ပင်ဆိုစေ ယခုလို အဖွဲ့တစ်ခုတွင် ပင့်ကဒ် ကင်မ်ယောင်းပဲလ်လို လူမျိုးရှိနေသည့်ကိစ္စရပ်မျိုး၌ နတ်ဆိုးမှုးမတ်ခေါင်ပေါ်လာခြင်းမျိုး မရှိခဲ့။ အဲ့တာအပြင် နတ်ဆိုးက ဆင့်ခေါ်ခံရပြီးပြီးချင်း ဘာလို့များ ယူဂျွန်ဟော့ကို ရှာနေရတာလဲ?

သူပြန်မဖြေ။နတ်ဆိုးက အီဟွန်းဆုန်းအားမကြည့်ခင် အသက်ရှူသွင်းလိုက်သည်။

“မင်းက ယူဂျွန်ဟော့လား”

“.....ကျွန်တော်က အီဟွန်းဆုန်း။”

“ဒါဆို ယူဂျွန်ဟော့လို့ခေါ်တဲ့သူက ဘယ်သူလဲ?”

သူ ပါးစပ်ဟလိုက်၏။ နတ်ဆိုးမှုးမတ်ခေါင်ကိုရန်သွားစလို့ မည်သည့်ကောင်းကျိုးမှရလာမည်မဟုတ်။

“ဘာလို့သူ့ကိုရှာနေတာလဲ? သူခုဒီမှာမရှိဘူး အဲ့တာကြောင့် ခင်ဗျားပြန်လို့ရပြီ”

နတ်ဆိုးမှုးမတ်ခေါင်ဖြစ်သည့် တန်တက်ဆီယိုကရယ်သည်။ “ပိုးကောင်ကများ ငါ့ပြန်ခံပြောနေတယ်။ ထူးဆန်းလိုက်တာ၊ ငါကြားရသလောက် ဒီမှာဆိုးလ်ရဲ့အသန်မာဆုံးလူ ရှိတယ်ဆို?”

ဆိုးလ်ရဲ့အသန်မာဆုံးလူ?

“အာ....ကြည့်ရတာ ငါ့ကိုပြောတာထင်တယ်။”

အဖွဲ့ထဲမှလူများအားလုံးသူ့အား တစ်ချိန်တည်း ဝိုင်းကြည့်နေကြ၏။ ဘာလို့ငါ့ကို အဲ့လိုဝိုင်းကြည့်နေကြတာလဲ? အမှန်ဟာကို။

တန်တက်ဆီယိုက သူ့အားစိုက်ကြည့်နေသည်။

“ဒါပေမယ့် မင်းပြောတော့ မင်းကယူဂျွန်ဟော့မဟုတ်ဘူးဆို။”

“ဆိုးလ်ရဲ့အသန်ဆုံးလူကငါပဲ။ ယူဂျွန်ဟော့မဟုတ်ဘူး။”

ဘာတွေဖြစ်နေတာလဲ? သူကကောဘာလို့ ဆိုးလ်ရဲ့အသန်ဆုံးလူကိုရှာနေတာလဲ?

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now