အပိုင်း ၁၄၇ : ကြယ်တာရာတို့၏ပွဲတော် (၂)

125 15 1
                                    

သူ့ရွေးချယ်မှုအလိုက် ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ နက်ဗျူလာ၏ကံကြမ္မာဟာ ပြောင်းလဲသွားပေလိမ့်မည်။တစ်ချက်ကြည့်ရုံဖြင့် သူ့အတွက် အသုံးဝင်သော‌အခြေအနေသို့ရောက်နေသည့်ပုံပေါ်သော်ငြား သိပ်တော့အ‌ဆင်ပြေမနေ။

[ကြယ်တာရာများသည် ဒဏ္ဍာရီများ၏တရားဝင်မှုအပေါ် ငြင်းခုန်နေကြသည်]

သူ့တွင်ရွေးချယ်စရာရှိပုံပေါ်နေသော်ငြား ပြဿနာကား ‌ရွေးချယ်ပြီးနောက်တွင်ဖြစ်သည်။

နက်ဗျူလာများဟာ ‘ရှင်သန်ထမြောက်ခြင်းပုံပြင်’များနှင့်ပတ်သတ်လာလျှင် ခိုးကူးမှုအား လုံးဝလက်မခံနိုင်။အထူးသဖြင့် ဧဒင်နှင့်ဗေးဒက်စ် ကြားကရန်ပွဲဟာ အတော်လေးပြင်း၏။သူသာ တဖက်အားရွေးချယ်ခဲ့လျှင် တခြားတဖက်ဟာသူ့အားလုံးလုံးလျားလျား ကျောခိုင်းသွားလိမ့်မည်။

သူဟာ ကြယ်တာရာတစ်ပါးဖြစ်မလာသေးသည့် တတ်သစ်စ တစ်ယောက်သာဖြစ်ပြီးထိုသူတို့အားလုံးအား ငြင်းဆိုခဲ့ပါကလည်း သူ့အပေါ်မကျေမချမ်းခံစားချက်မျိုး ဖြစ်တည်လာနိုင်သည်...

[များစွာသောကြယ်တာရာများသည် သင့်အား မြန်မြန်ဆန်ဆန်ရွေးချယ်စေချင်သည်။]

သေစမ်း။အဲ့အသက်ပြန်ရှင်တာနဲ့ပတ်သတ်ပြီးဝေဖန်ခံရမှာကို ငါကြောက်သလို ကြယ်တာရာတွေကြားထဲ ဘုံရန်သူတစ်ယောက်ဖြစ်လာကိုလည်းမလိုလားဘူးဟ။ငါဘာလုပ်သင့်လဲ..

[ကြယ်တာရာ‘အလင်းမဲ့နွေဦးဘုရင်မ’သည် ကြယ်တာရာကြားကရန်ပွဲကို ဝင်ရောက်ဖျန်ဖြေပေး‌နေသည်။]

[ကြယ်တာရာ‘အလင်းမဲ့နွေဦးဘုရင်မ’သည် အဲ့တာကလူဝင်စားရဲ့ရွေးချယ်မှုပဲ ဟုအလေးပေးပြောကြားသည်။]

ပါစေ့ဖစ်နီဟာ သူ့ဘက်ကပဲ။စကားမစပ် သူကငါ့ကိုဘာလို့ကူညီနေတာလဲ?

[တချို့ကြယ်တာရာများဟာ အလင်းမဲ့နွေဦးဘုရင်မ ၏ဝင်ရောက်ပါဝင်လာမှုအပေါ် မကျေမနပ်ဖြစ်နေသည်။]

[တချို့ကြယ်တာရာများသည် အလင်းမဲ့နွေဦးဘုရင်မ အား ဖြေရှင်းနည်းတောင်းခံနေသည်။]

...

[ကြယ်တာရာ‘အလင်းမဲ့နွေဦး၏ဘုရင်မ’သည် လူဝင်စား‘ဂင်မ်ဒို့ဂျာ’အား ကြယ်တာရာဧည့်ခံပွဲ သို့ဖိတ်ခေါ်ရန် အကြံပေးသည်။]

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now