အခန်း ၁၆၃ - အပိုင်း ၃၃ - ဂင်မ်ဒို့ဂျာရဲ့အချစ်ဇာတ်လမ်း (၂)

127 24 1
                                    

သူဟာနားကြားမှားသည်အထင်ဖြင့် သူ့နားသူပင်ပြန်ကလော်လိုက်သော်ငြား မက်ဆေ့ချ်ကမူ မပြောင်းလဲ။

[ဧရာမကံကြမ္မာကသင်၏ သေခြင်းတရားကိုမျှော်လင့်နေသည်။]

ဘယ်လိုတောင်? သူ့စိတ်အစုံဟာ ရှုပ်ထွေးလာသည့်အလျောက် ကားဘရိတ်အားအရှိန်ဖြင့်ဖိနင်းလိုက်၏။ထိုသို့ရုတ်တရက်ကားရပ်လိုက်သည့်အပေါ်  ဟန်ဆူယုန်းတစ်ယေက် ထအော်သည်။

 "ဘာဖြစ်တာလဲ? င့ါဟာနဲ့ဟာ ဒီလောက်နေလို့ကောင်းနေတာကို"

"တိတ်တိတ်နေပေး"

သူနောက်တစ်ခါ ထပ်နားထောင်လိုက်သည်။ ထိုအချိန်မှာတော့ မက်ဆေ့ချ်နှင့်အတူ အသံတစ်ခုကပါ ပါလာသည်။

[ဧရာမကံကြမ္မာကသင်၏ သေခြင်းတရားကိုမျှော်လင့်နေသည်။]

ဒါကတတိယအကြိမ်လေ။ သူတံတွေးမြိုချလိုက်၏။ သေစမ်း။မူလဝတ္ထုထဲမှာရော အဲ့လို ‘ကံကြမ္မာမက်ဆေ့ချ်’သုံးကြိမ်ပေါ်လာတဲ့ အဖြစ်မျိုးရှိခဲ့လို့လား?

သူစဉ်းစားလိုက်သည်။ အဲ့ဒါက... ၇၁ကြိမ်မြောက် ပြန်လည်ရှင်သန်ခြင်း ယူဂျွန်ဟော့မှာ။ အဲ့အချိန်တုန်းက ယူဂျွန်ဟော့တစ်ယောက် ငရဲဘုရင်ယာမ ကောင်းမှူနဲ့ နာမည်အခေါ်ခံလိုက်ရတာ။

သေစမ်း၊ ဘာတွေဖြစ်နေတာလဲ?

ဟန်ဆူယုန်းက စူပုပ်ပုပ်ဖြင့်ထပ်မေးလာ၏ "ဘာလို့လဲ? ဘာဖြစ်လို့လဲ?"

"တစ်ယောက်ယောက် ငါ့ကံကြမ္မာကိုဖတ်လိုက်ပြီ"

"...ကံကြမ္မာ?"

ကံကြမ္မာ။ ထိုအရာသည် ရှင်သန်ရာနည်းလမ်းများထဲမှ 'ဖြစ်နိုင်ခြေ' နီးပါးလောက်ကိုကြောက်စရာကောင်းသည်။

တိတိကျကျပြောရမည်ဆို ၎င်းဟာ  'ဖြစ်နိုင်ခြေ'အား သိသိသာသာ အတင်းအကျပ် အသုံးချခြင်းဖြစ်သည်။သို့ပေသိ ၎င်းအားမတူညီသောအမည်တစ်ခုဖြင့် ခေါ်သည့် အကြောင်းကလည်းရှိသေး၏။ဘာလို့ဆို ‘ကံကြမ္မာ’ဟူသည်ကြွယ်ဝများပြားနေသောဖြစ်နိုင်ချေများကို အသုံးချကြသည့် ကြယ်တာရာများ၏အစွမ်းပင် ဖြစ်သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now