အခန်း ၁၆၆ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​၏အချစ် (၅)

113 23 3
                                    

Unicode

Scroll down for Zawgyi

ဟန်ဆူယုန်း သူ့နံဘေး၌ နှုတ်ခမ်းအားဖိကိုက်ထား၏။ “နင်သူနဲ့ဘယ်တုန်းက အဲ့လောက်တောင်ရင်းနှီးသွားတာလဲ? အဲ့ဆိုက်ကိုကောင်…”

“မရင်းနှီးပါဘူး။”

“နင်အဲ့စကားပြောလိုက်တဲ့အချိန် နင့်ပုံကအရမ်းယုံကြည်နေတဲ့ပုံပေါ်နေတယ်နော်”

“မင်းအထင်မှားနေတာ။အဲ့ကောင်ထက်စာရင် ဒို့ကဲဘီတွေကိုတောင်ပိုယုံဦးမယ်။”

တကယ်လို့သူသာ ယူဂျွန်ဟော့အပေါ်ယုံကြည်ခဲ့မယ်ဆိုလျှင် သူ့စိတ်နေစိတ်ထားကိုမဟုတ်ပါပဲ အတွေ့အကြုံကိုသာ ဖြစ်လိမ့်မည်။ထိုသူဟာ အတွေ့အကြုံသုံးဆလောက်ရှိနေသလို ၄၁ကြိမ်မြောက်ရှင်ယူဆွန်းဆီမှလည်း အချက်အလက်ပေါင်းများစွာကို သိရှိခဲ့သူဖြစ်၏။

ထို့အပြင်, ကောင်းကင်ဘုံဆိုသည်ကလည်း အရင်ထဲက ယူဂျွန်ဟော့ရဲ့အဓိကတာဝန်လည်းဖြစ်သည်။ ယူဂျွန်ဟော့ဟာ ၎င်းအားဒုတိယပြန်လည်ရှင်သန်ခြင်း ၌ အသေအချာတာဝန်ယူခဲ့သည့်အတွက် ဒီအကြိမ်၌လည်း ပိုကောင်းအောင်လုပ်သင့်၏။ဒီတိုင်း...

“...ငါနည်းနည်းတော့စိုးရိမ်တယ်။”

ယူဂျွန်ဟော့ရဲ့ပင်ကိုစရိုက်ကိုမယုံသည့်အတွက် သူလုံးလုံးကြီးတော့ စိတ်မချနိုင်။သူဟာ ကောင်းကင်ဘုံကို တိုက်ခိုက်ရန် အဖွဲ့ဝင်များအတွက် ကြိုတင်ပြင်ဆင်မှုပေါင်းစုံအား လုပ်ပေးခဲ့ပေမယ့် ပြီးပြည့်စုံမှာတော့မဟုတ်။

သူသည်စာဖတ်သူတစ်ယောက်ဆိုပေမယ့်, စာဖတ်သူတစ်ယောက်မဟုတ် သော်ငြား ယူဂျွန်ဟော့ကမူ အချိန်နောက်ပြန်ဆုတ်သူဖြစ်သည်။အဲ့ကောင်ရဲ့နောက်ဆုံးတစ်ခေါက်က ဆိုက်ကိုဆန်ဆန်အရူးထအပြီးမှာ စိတ်အခြေအနေပိုကောင်းလာမယ်လို့တော့မျှော်လင့်ရတာပဲ...

ဟန်ဆူယုန်းက နားလည်သွားသည့်အမူအရာဖြင့်ပြော၏။ “ဟုတ်ပြီလေ… နင်တကယ်လို့စိတ်ပူနေတယ်ဆိုရင်လည်း သွားကြည့်လို့ရတာပဲ။ဘယ်လိုပဲဖြစ်ဖြစ် နင့်မှာတကယ်သွားကြည့်လို့ရတဲ့ စကေလ်းရှိနေတာပဲဟာ။”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now