အခန်း ၁၇၁ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၂)

108 17 1
                                    

Unicode

Scroll down for Zawgyi

“အဲ့ကောင်ဂင်မ်ဒို့ဂျာတော့…ငါ့မေ့သွားပြန်ပြီ။”

လွင်ပြင်ကျယ်ကြီးထဲတွင် ခံတပ်အသေးလေးတစ်ခုရှိနေသည်။ ထိုအရာသည် တကယ်တော့ ခံတပ်ဆိုတာထပ် အိမ်အသေးလေးတစ်လုံး၏ဆိုဒ်နှင့်တူသည်။ သို့ရာတွင် တပ်ဆင်ထားသည့်လက်နက်များသည် ၎င်းကိုအခြားခံတပ်များနှင့်ယှဉ်လိုက်လျှင် လျော့နေသည်ဟူရျ်မထင်ရ။

ပြောစရာမလိုအောင်ကို ၎င်းသည် ဂွန်ဖီလ်ဒု၏လက်နက်ခံတပ်ဖြစ်သည်။

ဒူဒူဒူဒူ!

ဂွန်ဖီလ်ဒုသည် သူ့ထံချဥ်းကပ်လာသည့်မကောင်းဆိုးဝါးများကို လက်နက်ကြီးများဖြင့်ပစ်သည်။ မဟူရာရဲတိုက်ထဲသို့ဝင်ပြီးသီတင်းပတ်အတော်ကြာ, ဂွန်ဖီလ်ဒုသည် မကောင်းဆိုးဝါးများရှိနေသည့်ငရဲလိုနေရာမျိုးတွင် နေထိုင်နေခဲ့ရသည်။ ထိုနေရာတွင် မဆုံးမသတ်နိုင်သောမကောင်းဆိုးဝါးများဆက်တိုက် ဆိုသလိုရှိနေသည်။ ဂင်မ်ဒို့ဂျာ သူ့အားအရင်ကပေးခဲ့သော ဒင်္ဂါးများကြောင့်သာမဟုတ်လျှင် သူသည်မှော်အစွမ်းများကုန်ကာ သေသွားလောက်ချေပြီ။

[ကြယ်တာရာ ‘ခံတပ်အရှင်’ သည် ကာကွယ်ရေးကစားပွဲအပေါ် စိတ်လှုပ်ရှားနေသည်။]

အဲ့လိုရူးကြောင်ကြောင်စပွန်ဆာကြောင့်သာမဟုတ်ရင် အခြေအနေက ယခုလိုဖြစ်လာစရာအကြောင်းမရှိ။

“သေစမ်း!!!”

သူသတ်ခဲ့သည့်မကောင်းဆိုးဝါးများအရေအတွက်ကြောင့် မဟူရာရဲတိုက်တွင်သူ၏အဆင့်ဟာလည်း တစ်ဟုန်ထိုးတက်လာခဲ့သည်။ ပြဿနာမှာ သူ၏စိတ်ခွန်အားနှင့် မှော်စွမ်းအားတို့မှာ ၎င်းတို့၏ကန့်သတ်ချက်များသို့ရောက်နေပြီဖြစ်သည်။

“ဒီထိပဲ…”

လက်နက်တပ်ဆင်ထားသည့်ခံတပ်သည် မကောင်းဆိုးဝါးများ၏လက်သည်းများကြောင့် ချိုးဖျက်ခံလိုက်ရသည်ကိုတွေ့သောအခါ ဂွန်ဖီလ်ဒုတစ်ယောက် စိတ်ပျက်သွားတော့၏။

ထိုအချိန်တွင် အဝေးတစ်နေရာမှာ ရွှေရောင်အရာတစ်ခုပျံသန်းလာခဲ့သည်။ လွင်ပြင်တစ်ခုလုံးကို တစ်ပိုင်းစီချိုးဖျက်နိုင်သည့် အားကြီးသည့်အီသာမုန်တိုင်းဖြစ်သည်။ ထိုသူဟာ ဂင်မ်ဒို့ဂျာဟု သူထင်လိုက်သော်လည်း မထင်မှတ်ထားသည့်သူဖြစ်နေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now