အခန်း ၁၇၅ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၆)

106 15 3
                                    

Unicode
Scroll down for Zawgyi

…ဘာ? သူဟာမက်ဆေချ့်ကိုကြည့်ရင်း အံ့အားသင့်သွားမိသည်။ယခုမတိုင်ခင်ထိ ကြယ်တာရာများအပေါ်နားလည်မှုဟာ ဘယ်တုန်းကမှတိုးခဲ့ခြင်းမရှိ။

သူသည် စာမှတ်ကဒ်အား ဖွင့်လိုက်သော်လည်း ရရှိနိုင်သည့်သူများစာရင်းထဲတွင် ချော့ဂျောင်ယွန်းမပါနေခဲ့။ ၎င်းသည် ‘အနည်းငယ်’ မျှသာတိုးမြင့်လိုက်ခြင်းကြောင့်ဖြစ်နိုင်သည်။ ကြည့်ရတာ ၁%လောက်သာဖြစ်လိမ့်မည်။

သို့တိုင် သူအများကြီးမျှော်မှန်းထားခဲ့သည်။ သူ၏နားလည်မှုသာ ဆက်တိုးလာနိုင်မည်ဆို တစ်ရက်ရက်တွင် ကြယ်တာရာများ၏စကေးလ်များကိုပါ အတုခိုးဖို့ ဖြစ်နိုင်လောက်တယ်မဟုတ်လား?

“...အဲ့ဒါဘာလဲ?”

သူဟန်ဆူယုန်းအသံလာရာဖက်လှည့်လိုက်သည်။အဖြူရောင်ကောင်းကင် မုန်တိုင်၏ရှေ့တော်ပြေးဟာ သူတို့အားအနှောက်အယှက်ဖြစ်ဖွယ်အငွေ့အသက်မျိုးဖြင့် ငုံ့ကြည့်နေ၏။၎င်းကား အဖြူရောင်ညပင်။

၎င်းတွင် ပြတ်တောင်းပြတ်တောင်းမိုးခြိမ်းသံများရှိပြီး မြေပြင်ကြီးတစ်ခုလုံးဟာ မြေငလျင်တစ်ခုဖြစ်ပေါ်‌တော့မည်သကဲ့သို့ တုန်ခါနေ၏။စစ်ဘုရင်နှစ်ပါးထိပ်တိုက်ရင်ဆိုင်ခြင်းရဲ့နောက်‌ဆက်တွဲအကျိုးဆက်ဟာ မြေပြန့်တစ်ခုလုံးအပေါ် သက်ရောက်နေသည်။သို့ပေသိ သူတို့အချင်းချင်း မသတ်ဖြတ်ကြ။

[အားလုံး…ဒူး….ထောက်ကြစမ်း!]

ကြယ်တာရာ၏အသံအစစ်အမှန်။ သူသည် ထိုစကားလုံးများကိုပြောရန်အတွက် မည်မျှဖြစ်နိုင်ခြေတွေအသုံးပြုလိုက်ရကြောင်းကို သိချင်သွားသည်။ ထိုအရာကိုမခံနိုင်သည့် လူဝင်စားအများအပြားသည် နာနာကျင်ကျင်ညည်းတွားနေ၏။

စပွန်ဆာအကာအကွယ်ရရှိထားကြသူများ သို့မဟုတ် ကြံ့ခိုင်သည့်စိတ်ခွန်အားရှိသူတို့သည် အလျော့မပေးကြ။ ဟန်ဆူယုန်းက ၎င်းတို့ထဲမှတစ်ဦးဖြစ်သည်။

“ဘာလဲ? ဘာတွေဖြစ်နေတာလဲ?” ဟန်ဆူယုန်းက စိတ်ရှုပ်ထွေးစွာဖြင့်အော်လိုက်သည်။

သူဟာ သူမနှင့်အတူ မြေပြင်ကိုကြည့်လိုက်သည်။ ထိုအရာဖြစ်လိမ့်မည်ဟုသူတွေးထားခဲ့သော်လည်း ထိုအတိုင်းအတာထိဖြစ်လိမ့်မည်ဟု မထင်ခဲ့ပါ။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now