အခန်း ၁၇၈ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၉)

61 14 1
                                    

Unicode 

Scroll down for Zawgyi

သူသည် မကျိုးပဲ့သစ္စာကို ကိုင်ထားလိုက်သည်။ အားကြီးသည့်ဇာတ်လမ်းများကြောင့် သူ​၏ကြွက်သားများသည် ကြီးမားလာပြီး နဂါး​သွေးသားဟာ သူ့နှလုံးအိမ်ထဲတွင် စီးဝင်နေသကဲ့သို့ဖြစ်နေသည်။

[အဖွဲ့တွေဖွဲ့နေတုန်းရွေ့ထား။ငါတို့ဟာကွက်လုပ်မှရမယ်]

ယူဂျွန်ဟော့က အရင်ရှေ့သို့ထွက်လာခဲ့သည်။

“အချိန်ဆွဲလို့ရသလောက် ဆွဲထားကြည့်လိုက်မယ်။”

လက်တံတို့​၏လှုပ်ရှားမှုထက် ယခင်ထက်ပိုရျ် လှုပ်ရှားလာပြီး မြေပြင်သည်လည်း ပျက်စီးလုနီးပါးဖြစ်နေသည်။ ထိုသတ္တဝါကြီးအား အဖွဲ့ဝင်လူများနှင့် ဝေးနိုင်သလောက်ဝေးရန် သူတို့ကြိုးစားခဲ့ကြသည်။

“ဟား!”

ယူဂျွန်ဟော့ကသူ​၏မှော်အစွမ်းကိုမြင့်တင်ကာ ရှေ့တက်သွားလိုက်သည်။ ထ်ိုအချိန်တွင် သူသည် အိမ်မက်များကိုစားသုံးသူ​၏နောက်တွင် ရပ်နေသည်။ လက်တံများကိုမထိပဲ အဓိကခန္ဓာကိုယ်အား ထိခိုက်စေရန်အတွက်နေရာရှာရန်ဖြစ်သည်။ ခန္ဓာကိုယ်သည် အနည်းဆုံး အချင်း ၁ ကီလိုမီတာရှိသည့်အတွက် အားနည်းသည့်နေရာကိုရှာရန် အခက်တွေ့နေသည်။

ထိုအချိန်တွင်, ချော့ဂျောင်ယွန်းကသူ့ခွန်အားကို စုစည်းသည်။ ဓားတစ်လက်နှင့် ဓားနှစ်လက်တို့သည် အင်အားကြီးမားကြသော်လည်း သူ​၏ညာလက်တွင်ပြုလုပ်နေသည့်အားနှင့်တော့ နှိုင်းယှဉ်ရျ်မရနိုင်ပါ။

၎င်းသည် အဆင့်မြင့်သည့်ကြယ်တာရာတစ်ဦး​၏ အစွမ်းလားဟုထင်ရလောက်အောင် ကြီးမားလွန်းလှသည်။

[သေစမ်း…ဒါကဒီခန္ဓာကိုယ်အတွက်ဒီလောက်ပဲရတယ်။ ဖြစ်နိုင်ခြေကြောင့် ဒီထိပဲရနိုင်တော့မယ်။]

ချော့ဂျောင်ယွန်း၏အစွမ်းစုစည်းမှုမှာပြီးဆုံးသွားသည့်နောက်တွင် ငြီးတွားလာ၏။

[အရမ်းကြီးဝမ်းသာမနေနဲ့ဦး။ ဒီလောက်ခွန်အားနဲ့ လက်တံတွေအကုန်လုံးကိုဖျက်ပြီး အဲ့ခန္ဓာကိုယ်ကိုထိခိုက်နိုင်ပါ့မလားဆိုတာငါမသိဘူး။]

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now