အပိုင်း ၁၄၉ : ကြယ်တာရာတို့၏ပွဲတော် (၄)

93 14 1
                                    

EN tran Note : ချလာသူစထရာ ကနေ ဇာရာသူစထာ သို့ပြောင်းထားပါသည်။

နောက်တစ်ယောက်ဟာ ယူဂျွန်ဟော့ဖြစ်ပြီး သူသည်လည်း အရင်ကမကြုံခဲ့ရဖူးသည့် ထင်ပေါ်ကျော်ကြားမှုအား ခံစားခဲ့ရသည်။ယူဂျွန်ဟော့ထွက်လာသည့်အချိန်တွင် ဒုတိယထပ်ကနေပါ အသံတစ်ချို့‌ထွက်လာခဲ့၏။‘ဧဒင်’ဟူသည့်နာမည်အား ကြားလိုက်ရသလိုခံစားလိုက်ရသည့်အတွက် ဘယ်လိုခံစားနေရသလဲတောင်မပြောပြတတ်တော့။

[ယူဂျွန်ဟော့!]

[အတော့်အတော်ဆုံးစူပရင်းဘုရင်]

[ငါတို့နက်ဗျူလာဆီလာခဲ့!]

ပုံပြင်ဆက်ခံခြင်းမရောက်ခင်ထိ အချိန်အနည်းငယ်ကျန်သေးသည်။သူပထမထပ်တွင်ထိုင်လိုက်ပြီး တခဏလောက်စောင့်ကြည့်နေ၏။သူဟာ ကြယ်တာရာများ၏ အဆင့်အနိမ့်အမြင့်ကိုထည့်တွက်မနေဘဲ ထိုကြယ်တာရာများအားလုံးအပေါ် သတိကြီး‌ကြီးထားရပေမည်။

သူသည် အားကိုးအားထားပြုရမည့်လူကိုရှာမနေချေ။မည့်သူ့ကိုမှမယုံကြည့်ဖို့ ဒီအိုနီဆို့ပြောခဲ့သည့်စကားအရ အကြောင်းတစ်ခုခုတော့ရှိနေမှာအသေအချာ။ထို့အတွက်ကြောင့် သူဟာ သူအားကိုးရမည့်လူမျိုးမဟုတ်ဘဲ အသုံးပြုလို့ရမည့်သူကိုရှာနေခဲ့တာဖြစ်သည်။

“ငါ...”အိုင်းရစ်ကသူ့အနားကပ်လာကာ စကားစသည်။

သူမပြောလာမည့်အရာအားသူခန့်မှန်းလို့ရနေသည်။သူမအရင်စကားစမလာခင် သူဘက်က အရင်ကြိုသတိပေးလိုက်သည်။“မင်းအနေနဲ့အသက်ဆက်ရှင်ချင်နေသေးတယ်ဆိုရင် မလောနဲ့”

“ဟုတ်၊ရှင်?”အိုင်းရစ်တစ်ယောက်ကြောင်အမ်းနေရင်းပင် ငေးမောကာ ကျန်နေခဲ့၏။

[အနည်းစုသောကြယ်တာရာများသည် သင်၏ဝေဖန်ပိုင်းခြားနိုင်စွမ်းအပေါ် အံ့ဩနေသည်။]

[အနည်းစုသောကြယ်တာရာများသည် ပန်းသီးအရက်အတွက် ဒင်္ဂါး၅၀၀၀စပွန်ဆာပေးသည်။]

မျက်နှာကြတ်ပေါ်တွင်မူ အိုင်းရစ်၏မျက်နှာအမူအရာအား အနီးကပ်ချဲ့ပြထားသည့် အကွက်တစ်ကွက်ရှိနေသည်။အိုင်းရစ်တစ်ယောက်ရှက်သွားသည်နှင့်အတူ ကြည့်ရှုနေသောကြယ်တာရာများ တခစ်ခစ်ရယ်မောလာကြ၏။အိုင်းရစ်ကခပ်တိုးတိုးဖြင့်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now