အခန်း ၁၅၇- အပိုင်း ၃၁- ဇာတ်ညွှန်းသင်္ချိုင်း (၁)

126 21 3
                                    

Unicode

မုန်တိုင်းဖြူအစွမ်းသည် သူ၏နှလုံးခုန်နှုန်းကိုမြန်စေပြီး ခန္တာကိုယ်တစ်ခုလုံးကို အင်ဂျင်စက်သဖွယ်ပြောင်းလဲသွားစေသည်။

[အထူးစွမ်းအား ‘လျှပ်စစ်ကူးမှု’ အဆင့် ၁၁ (+၁) သည် စတင်အသက်ဝင်လာပါပြီ]

သူ၏စွမ်းရည်အဆင့်များတိုးသွားခြင်းကြောင့် စကေးလ်အဆင့်သည် ၁၁ သို့ရောက်သွား၏။

အနှစ်ချုပ်ရသော် စကေလ်းအဆင့်များအားလုံးကို အဆင့်၁၀အတွင်းထိန်းချုပ်ထားသည်။အဲ့နောက်မှာတော့ လူများဟာ ဒီထက်ပိုကောင်းမွန်သောစကေလ်းများ သို့မဟုတ် ‘ပြန်လာသူများ’ ကဲ့သို့ ထူးကဲသာလွန်ခြင်းများအား အသုံးပြုနေနိုင်သည်။သို့တိုင် အခုဒီစကေလ်းအဆင့်ဟာ ၁၁ပင်။

အခုသူ့လျှပ်စစ်ကူးမှုစွမ်းအင်မှာ စစ်စတန်မှသတ်မှတ်ထားသည့်သတ်မှတ်ချက်ကို ကျော်လွန်သွားပြီဖြစ်သဖြင့် လျှပ်စစ်ကူးမှုစွမ်းအင်အား ယခင်ကလောက်အသုံးပြုရန်မခက်ခဲတော့။

ပြန်လာသူ ခီးရီးရောစ့်တွင် စွမ်းအားကြီးပုံပြင်အဆင့်ရှိကြယ်တာရာတစ်ပါးနှင့် ညီမျှသော ခွန်အားမျိုးရှိသည်။ ထိုလူဟာ သန်မာသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏လုပ်နိုင်စွမ်းကို တိုင်းတာ၍မရနိုင်။အခုတော့ ခီးရီးရော့စ်တစ်ယောက် အင်အားမည်မျှလောက်ကြီးမားသည်ဆိုသည်ကို သူရိပ်စားမိလိုက်ပြီဖြစ်၏။အကယ်၍ခီးရီးရောစ့်သာ ဘယ်သောအခါမှမရောက်ရှိနိုင်သော လောကအဆင့်တစ်ခုသို့ရောက်ရှိသွားခဲ့ပါက ထိုလူမည်သို့သောနေရာမျိုး ရောက်ခဲ့လဲဆိုတာကိုပင် တွေးဆမိနိုင်နေ၏။


တန်တက်ဆီယိုက အံ့အားသင့်ခြင်းထက်ပိုကာ ကြောက်ရွံ့နေခဲ့သည်။

“ပြန်လာသူတစ်ယောက်ရဲ့စွမ်းရည်နဲ့ ကြယ်တာရာ? မင်းကဘယ်လိုကောင်လဲ?”

သူ့နာမည်ကိုပြောလိုက်ချင်သော်လည်း သူစိတ်ဟာအနိုင်ရသွား၏။ “....ဘာကိုလဲ? ငါကယူဂျွန်‌ဟော့ပဲလေ။”

သစ္စာဓားသွားနှင့် အဖျက်စွမ်းအားကြီးလှသော လျှပ်စစ်ကူးမှုစွမ်းအင်တို့ကြောင့် တန်တက်ဆီယို၏ခန္တာကိုယ်ဟာ နှစ်ပိုင်းပြတ်သွားခဲ့သည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now