အခန်း ၁၇၂ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၃)

132 21 1
                                    

Unicode

Scroll down for Zawgyi

သူ့အမေဟာ တခဏလောက်အသံတိတ်သွား၏။ ထိုတိတ်ဆိတ်မှုကပင် သူ့အားနည်းနည်းလောက် အားတက်လာစေသည်။

အမေသည်သူ့ကိုချစ်မည်ဟုမျှော်မှန်းခဲ့ခြင်းနှင့် သူ့အမေကိုသူနာကျင်စေနိုင်သည်ဆိုသည့် အတွေးဟာ သူ့အားစိတ်လှုပ်ရှားစေသည်။ 

သို့သော် သူ့အမေသည်မျှော်မှန်းခဲ့ထားပြီးသည့်အတိုင်းလေသံဖြင့်ပြန်ပြောသည်။ “ဟင်…အဲ့လိုပေါ့။”

“...”

“အမေစမ်းကြည့်ခဲ့တာ။ အဲ့ဒါကမင်းရဲ့ကံကြမ္မာကိုအဆုံးသတ်ရင်လဲသတ်သွားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာနောက်အသက်တွေလည်း ကျန်သေးတာပဲဆိုတော့။”

“ကျွန်တော့အတွက်လုပ်ပေးနေတဲ့ပုံစံနဲ့မပြောပါနဲ့။”

“အမေသားကိုချစ်ပါတယ်။”

သူကြက်သီးထသွားသည်။ သူမဘာကြောင့်ခုလိုရုတ်တရက်ပြောလိုက်ရတာလဲ? “ဘာကိုဆိုလိုတာလဲ?”

“ငါကမင်းရဲ့အမေလေ။”

ပြုံးနေသည့်သု့အမေကိုကြည့်လိုက်ပြီး သူ​၏နှလုံးတစ်နေရာမှနာကျင်နေသည်။ ထိုစကားလုံးတွေကလက်ခံလို့ရနိုင်တယ်ဆိုပြီး သူမတကယ်ယုံကြည်နေခဲ့တာလား? ထိုစကားတွေကြောင့် ရာစုနှစ်တစ်စုစာ တစ်ယောက်တည်း ခံစားခဲ့ရတယ် ဆိုတဲ့အချက်ကိုတော့ မငြင်းနိုင်ခဲ့။

သူ့အမေကိုစိုက်ကြည့်လိုက်သည်။

အမေ မေတ္တာ…

အလိမ်ဖော်စက်ကိုသူ့အမေပေါ်တွင် ထုတ်မသုံးလိုက်။ ထိုစကားမျိုးဟာ ကမ္ဘာပေါ်တွင် တခါတရံရှိတတ်၏။ ၎င်းဟာ အမှန်ဖြစ်နေရင်တောင်မှ အမှားဟု ပြောဖို့ပင် နာကျင်လွန်းရ၏။

သူသက်ပြင်းချလိုက်ပြီးပြောလိုက်သည်။ “အရမ်းနောက်ကျသွားပြီ။”

“အမေသိပါတယ်။”

“ဒါနဲ့များဘာလို့…”

“တစ်ခါလောက်တော့ပြောချင်ခဲ့တာ။ အရင်ကလဲသားကို တစ်ခါမှမပြောခဲ့ဖူးထင်လို့ပါ။”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now