အခန်း ၁၈၃ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၂)

66 11 3
                                    

Unicode
Scroll down for Zawgyi

ယူဂျွန်ဟော့၏တစ်ဖက်သတ်အသိပေးမှုအပေါ် တုံ့ပြန်မှုဟာ ကြီးမားလွန်း၏။

“ဘာလို့စိတ်ကူးပေါက်ရာအတိုင်းဆုံးဖြတ်နေတာလဲ?” ယူဂျွန်ဟော့တစ်ယောက် အသိပေးကာ ပျောက်ကွယ်သွားပြီးနောက် ဂျောင်ဟီးဝန်ကအရင်အော်လိုက်သည်။ “ငါတို့ ၃ရက်အတွင်း သွားမှာ! အဲ့မတိုင်ခင် မင်းတို့အဆင့်တွေကိုမြှင့်ထားကြ! သူအဲ့လိုပြောပြီးထွက်သွားတာနဲ့ ငါတို့ကသူပြောတဲ့အတိုင်းလိုက်လုပ်ရမှာလား?”

“သူငါနဲ့စကားပြောနေတုန်းက ပြောခဲ့သင့်တာ”

“...အဲ့ကိစ္စဒိုဂျာရှီရောသဘောတူလား?”

“နိုး”

ဂျောင်ဟီးဝန်ကစိတ်အားထက်သန်နေဆဲဖြစ်သည်။

သူပြော၏။ “အဲ့လိုဆိုရင်တောင်, ယူဂျွန်ဟော့ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် မင်းတို့ အသက်ရှင်နိုင်ခြေပိုများတယ်။”

“ဒိုဂျာရှီ, နင်ကဘယ်သူ့ဘက်ကလဲ?”

“အဲ့ဒါက…” အဝေးရှိ ယူဂျွန်ဟော့အားလှမ်းကြည့်လိုက်ပြီး ပခုံးတွန့်ကာ ပြုံးပြ၏။ “ပထမဆုံးအနေနဲ့ မင်းတို့အားလုံးနဲ့တွေ့ရတာဝမ်းသာတယ်။ ဒါကငါ့ရဲ့ တတိယမြောက်အသက်ပြန်ရှင်ခြင်းပဲ။”

ယူဂျွန်ဟော့၏စကားကြောင့်တောင့်တင်းကုန်သည်သူများဟာ ကိုးရိုးကားရားနိုင်စွာပြုံးလာ၏။ အီဂေလ်ယုန်းနှင့်ရှင်းယူဆွန်းတို့သည် သူ၏ခြေထောက်နားတွင်ကပ်ကာ အီဟွန်းဆုန်းကတော့ အနည်းငယ်မှုန်မှိုင်းနေသောအပြုံးမျိုးဖြင့် ခေါင်းငြိမ့်ပြသည်။

“မင်းရဲ့အသက်ပြန်ရှင်လာတဲ့အပေါ်ဝမ်းသာပါတယ်။ အကြိမ်အနည်းငယ်ပဲရှိသေးတယ်ဆိုပေမယ့်ငါကတော့အသားကျနေပြီ”

“မင်းတို့အသားကျသွားမယ်ဆိုရင်တော့ ဝမ်းနည်းစရာပဲ, ပထမဆုံးအနေနဲ့, အစီအစဉ်ချရအောင်။”

၎င်းတို့မှာ ယူဂျွန်ဟော့၏တစ်ဖက်သတ်ပြောသွားသောစကားများဖြစ်သည်။

-အဖွဲ့နှစ်ဖွဲ့ရှိမယ်။ ငါ့အဖွဲ့နဲ့ ဂင်မ်ဒိုဂျာရဲ့အဖွဲ့။ အဖွဲ့တစ်ဖွဲ့ချင်းစီအတွက် လူလေးယောက်ရှိရမယ်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now