အခန်း ၁၈၁ - အပိုင်း ၃၄ - စား၍မရနိုင်သော(၃)

97 14 2
                                    

Unicode
Scroll down for Zawgyi

သူက  စွမ်းရည်ဝင်းဒိုးကိုကြည့်နိုင်တယ်? အဓိပ္ပာယ်မရှိသည့်အရာတစ်ချို့ကို သူနောက်ဆုံးတော့နားလည်လာခဲ့သည်။

သူ၏ စွမ်းရည်ဝင်းဒိုးကိုမကြည့်နိုင်ခဲ့သည်မှာ စတုတ္ထတံတိုင်းကြောင့်ဖြစ်ပြီး ၎င်းသည် သူ့အားအခြားသောသက်ရှိများမှကာကွယ်ကာ တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်အား တစ်ဦးတည်းအဖြစ်ပိုင်းခြားပေးသည့်စကေလ်းလည်းဖြစ်နေ၏။

[စွမ်းရည်ဝင်းဒိုးကိုစစ်ဆေးခြင်း]

[စနစ်ဖွဲ့စည်းပုံသည်မတည်ငြိမ်မှုဖြစ်ပေါ်နေသည်။ အချို့စကေးလ်အမည်များနှင့် အဆင့်များကို ကန့်သတ်ထားသည်။]

ထို့နောက်ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ စွမ်းရည်ဝင်းဒိုးကိုသူမြင်ရတော့သည်။

+

[ကိုယ်ရေးအချက်အလက်]

အမည် - ဂင်မ်ဒို့ဂျာ

အသက် - ၂၈ နှစ်

ကြယ်တာရာအထောက်အပံ့ - မရှိ

ဂုဏ်ပုဒ် - ရုပ်အဆိုးဆုံးဘုရင် (အစမ်း)

ကိုယ်ပိုင်အရည်အချင်း - အသက်ရှစ်သက် (ဟီးရိုး), ဇာတ်ညွှန်း…

+

  စွမ်းရည်ဝင်းဒိုး အပြည့်မပေါ်လာခင်မှာပင် ဖန်သားပြင်မှာအက်ကွဲသွားပြီး ရုတ်ချည်းဆိုသလို အမှာစာများပေါ်လာ၏။

[ကြယ်တာရာအချို့သည် သင်၏စိတ်ပိုင်းဆိုင်ရာကန့်သတ်နယ်သို့ ချဉ်းကပ်လာပါသည်။]

ထိုအချိန်တွင် သူသည် အိုပ်စ့် ဟူရျ်ပြောချင်ခဲ့သည်။ ကြည့်ရတာ ထိုကြယ်တာရာများသည်၎င်းအခွင့်အရေးကိုစောင့်နေခဲဲ့ဟန်… သူ့အချက်အလက်များကမ္ဘာပေါ် ပြသလာသည့်နေ့။

[နက်ဗျူလာ၏ကြယ်တာရာ ဗီးဒပ်စ်သည် သင့်ထံချဉ်းကပ်လာပါသည်။]

[နက်ဗျူလာ၏ကြယ်တာရာ အိုလံပက်စ်သည် သင့်ထံချဉ်းကပ်လာပါသည်။]

[နက်ဗျူလာ၏ကြယ်တာရာ ပိုင်ပရပ်စ်သည် သင့်ထံချဉ်းကပ်လာပါသည်။]

သူ၏တည်ရှိမှုကိုတိုးတက်စေမည့်ကြယ်တာရာများသည် သူ့စိတ်အား အတင်းအကျပ်ပွင့်ဟလာစေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now