အပိုင်း ၁၅၃ : မဟူရာရဲတိုက် (၃)

145 27 2
                                    

“ခုနကစကားတွေက အာဂျူးရှီးကိုဆိုလိုတာလား”

“ဘာကိုလဲ?”

“ဆိုလ်းရဲ့ကြယ်တာရာအသစ် ဘလာဘလာ...?”

“အာ...အင်း ဟုတ်တယ်”

ပတ်ပတ်လည်ရှိနတ်ဆိုးများအားကြည့်ရင်း သူခါးသက်သက်ပြုံးမိ၏။သူအီဂျီဟယ်အကျပ်အတည်းထဲရောက်နေသည်ကို မြင်ရတော့ အံ့ဩမိပေမဲ့လို့ သူမပုံကအရမ်းကြီးကိုတတ်ကြွနေပုံပဲ။

နတ်ဆိုးဗိုင်းကောင့်နိုရှိုလိုခယ်။ဒီလိုအန္တရာယ်များလှသည့်ကောင်ဟာ လူဝင်စားပေါင်းမြောက်မြားစွာကို တစစီစုတ်ဖြဲပစ်ခဲ့သော ရေမြင်းနှင့်ဆင်သည့်နတ်ဆိုးတစ်ကောင်ပင် ဖြစ်၏။သူဟာ တော်ဝင်အဆင့်နတ်ဆိုးတစ်ကောင်ကို တစ်ချက်တည်းရှင်းပစ်ခဲ့ပြီးနောက် သူဘယ်လောက်တောင်မှသန်မာလာခဲ့သလဲ ဆိုတာကို သတိပြုမိလာ၏။

အီဂျီဟယ်ကထိုနတ်ဆိုး၏ကိုယ်ထည်အားမြင်လိုက်ရပြီးနောက် ရေရွတ်၏။“အဲ့ကောင်ကအရမ်းကိုသန်မာတာလေ...ခင်ဗျား ကြယ်တာရာဖြစ်ပြီးဘယ်လောက်တောင်မှအင်အားကြီးလာတာလဲ?”

“ငါ့ကိုယ်ပိုင်အစွမ်းနဲ့အနိုင်ယူခဲ့တာမဟုတ်ဘူး။တခြားပုံပြင်တစ်ပုဒ်ရဲ့အစွမ်းကို ငှားသုံးလိုက်တာ”

“တခြားပုံပြင်?”

[မင်း...က...ဘယ်...သူ...လဲ?]

အသက်ရှူနေဆဲဖြစ်သည့် နိုရှိုလိုခယ်အား သူကြည့်လိုက်သည်။

“ခဏနေဦး”

သူရိုးရိုးရှင်းရှင်းပင် နိုရှိုလိုခယ်၏ခေါင်းအားနင်းချေလိုက်၏။

[သင်သည် နတ်ဆိုးလောက၏တော်ဝင်တစ်ပါးအား အနိုင်ယူခဲ့သည်!]

[ဒင်္ဂါး၁၀၀၀၀ ရရှိခဲ့သည်!]

[ပစ္စည်း‘အဆင့်မြင့်နတ်ဆိုး၏သက်သေခံ’အားရရှိခဲ့သည်။]

[နတ်ဆိုးလောက၏ အဆင့်နိမ့်မျိုးစိတ်များ သင့်အား ကြောက်ရွံ့ပါလိမ့်မည်။]

ပုံမှန်တိုင်းဆို နတ်ဆိုးအစေခံတစ်ပါးအားသတ်ဖြတ်ခြင်းငှာ ၎င်းတို့၏‘နတ်ဆိုးဘုရင်’၏ အာရုံစိုက်ခံရမှုကိုခံရနိုင်ပေမယ့်လို့ ဒီဇာတ်ကွက်ကတော့ ထူးခြားသည်။မဟူရာရဲတိုက်ဇာတ်ကွက်အတွင်းရှိနတ်ဆိုးများအားလုံးဟာ သူတို့၏‘အရှင်သခင်သစ်’အားစောင့်ဆိုင်းနေကြသူများ ဖြစ်ကြသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now