အခန်း ၁၆၉ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​ရဲ့အချစ်(၈)

156 27 4
                                    

Unicode

Scroll down for Zawgyi

လူတိုင်းသည် သူတို့အသိ‌နောက်ကျခဲ့သည့်အပေါ် အမူအရာအမျိုးမျိုးဖြစ်နေလေသည်။သူတို့ဟာ တကယ့်အရေးကြီးပြဿနာအပေါ်မတွေးခဲ့မိကြောင်း နားလည်သွားကြသည်။ ထိုအချိန်တွင် အီဂျီဟယ်က ထပ်ပြောလိုက်သည်။ “အဲ့ဒါက…”

အီဂျီဟယ်ကသူမ​၏လက်ကိုမြှောက်လိုက်သည်။ သူစိတ်မသက်မသာခံစားနေရ၏။

ဒါနဲ့…

“ပြော ဂျီဟယ်၊ မင်းတစ်ခုခုသိထားလို့လား?”

“မဟုတ်ဘူး၊ ကျွန်မလို့ရှင်တို့မထင်ဘူးလား….?”

ထိုမိန်းကလေးက ဘာလို့အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ? အီဂျီဟယ်​၏စကားသည် အဖွဲ့ဝင်များကိုသက်သာရာရစေသည်။

ဂျောင်ဟီးဝန်ကမေးလိုက်သည်။ “ဘာလဲ? ဒို့ဂျာရှီကတစ်ခုခု လုပ်ခဲ့လို့လား? အဲ့လူတော့ ကလေးကို…”

“မဟုတ်ပါဘူး အဲ့လိုမဟုတ်ဘူး။”

“ဒါဆို?”

“ဒီတိုင်းစိတ်ထင်ရာပြောကြည့်တာပါ။ ညီမကကျောင်းသူဆိုတော့ သူကြိုက်လောက်တယ်လို့...။”

အဖွဲ့ဝင်များက အီဂျီဟယ်​၏စကားကို လျစ်လျူရှုလိုက်ကြပြီး ဆက်လက်ဆွေးနွေးကြသည်။ ထင်မြင်ချက်ကိုစပေးသည့်သူမှာ ဂျောင်ဟီးဝန်ဖြစ်သည်။ “ကျွန်မအထင်တော့ ဒို့ဂျာရှီအချစ်ဆုံးလူဆိုတာ ယူဆန်းအာရှီလို့ထင်တယ်။”

“ဟမ်?” ယူဆန်းအာကြောင်သွားသည်။ သူမအတော်လေးအံ့ဩသွားသည့်အတွက် သူနည်းနည်းတော့ခံစားလိုက်ရသည်။ “ဘာလို့ကျွန်မ…?”

“အဲ့လိုဖြစ်သင့်တယ်။ တကယ်ဆိုရင် ယူဆန်းအာရဲ့အလှက… ကျွန်မပြောနေစရာတောင်မလိုဘူး။”

အဖွဲ့ဝင်များကခေါင်းငြိမ့်ကြတော့ ယူဆန်းအာ​တစ်ယောက် မျက်နှာပါရဲလာ၏။

ဂျောင်ဟီးဝန်ကမူဆက်ပြောနေဆဲ။ “ရှင်က ဒို့ဂျာရှီကို ကယ်ဖို့နေရာပေါင်းစုံ ပြေးနေတော့..တကယ်လို့ဒို့ဂျာရှီသာ ယူဆန်းအာရှီကို မကြိုက်ဘူးဆိုရင်ထူးဆန်းတယ်လို့ထင်မိလိမ့်မှာ။”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now