အခန်း ၁၈၄ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင်(၃)

54 11 1
                                    

Unicode
Scroll down for Zawgyi

“နောက်ဇာတ်ညွှန်းကခက်နေသေးမယ်လို့မထင်ဘူးလား?” ဟန်ဆူယုန်းကမေး၏။

“...”

၇၃ယောက်မြောက်နတ်ဆိုးဘုရင်သည် သန်မာသော်လည်း သူတို့သာသေချာပြင်ဆင်ကြမည်ဆိုလျှင် ပြဿနာမရှိနိုင်။ သူလုပ်ခဲ့ဖူးသမျှဇာတ်ညွှန်းများထဲ ဒီဇာတ်ညွှန်းသည်အလွယ်ဆုံးတစ်ခုဖြစ်နိုင်သည်။

များမကြာမီ လေ့ကျင့်နေကြသည့်သူများ သူ့အနားသို့စုဝေးလာကြသည်။

“မင်းတို့ရဲ့အဆင့်တွေတက်အောင်လုပ်ပြီးကြပြီလား?”

ပြန်ဖြေသည့်သူမှာ ဂျောင်ဟီးဝန်ဖြစ်သည်။ “ကျွန်မတို့အားလုံးက အဆင့်၁၀အတွင်းဝင်တယ်။ တကယ်ဆို ဂျီဟယ်နဲ့ ဖီလ်ဒုရှီတို့ကနီးကပ်ပေမယ့် ဒီမနက်မှာပဲ သူတို့နှစ်ယောက်လုံးအော်တိုတက်သွားကြတယ်။”

“အော်တိုတက်သွားတယ်?”

ထိုသို့အဆင့်တက်ခြင်းအတွက် အကြောင်းပြချက်တစ်ခုသာရှိသည်။ ၎င်းမှာ အဆင့်မြင့်ရှိသူသေဆုံးမှသာဖြစ်သည်။

ဟန်ဆူယုန်းတွင် စိတ်လှုပ်ရှားနေသည့်အမူအရာရှိနေသည်။ “ထိပ်တန်းအဆင့်၁၀ထဲကလူကရုတ်တရက်သေသွားတယ်? တစ်ခုခုတော့ထူးဆန်းနေပြီ…ဟေး.. ငါတကယ်မသွားဘူးလို့။”

“မင်းလာပြီပဲ ဂင်မ်ဒိုဂျာ, မင်းတကယ်အဲ့မိန်းမကိုခေါ်သွားမလို့လား?”

ယူဂျွန်ဟော့၏ရုတ်တရက်ပေါ်လာမှုကြောင့် ဟန်ဆူယုန်းကသူ၏နောက်တွင် ပုန်းလိုက်သည်။ သူမသည် ယူဂျွန်ဟော့အားကြောက်နေဆဲဖြစ်သည်။ ယူဂျွန်ဟော့ကဟန်ဆူယုန်းအားစိုက်ကြည့်နေသည်နှင့် သူကခေါင်းငြိမ့်ပြလိုက်ပြီး လူခြောက်ယောက်ကဒ်အားဆွဲထုတ်လိုက်သည်။

[လူဝင်စားယူဂျွန်ဟော့သည် လူခြောက်ယောက်ကဒ်အား အသုံးပြုလိုက်ပါပြီ။]

[လူဝင်စားဟန်ဆူယုန်းသည် ဇာတ်ညွှန်း၏အဓိကပါဝင်သူဖြစ်လာပါသည်။]

[လူဝင်စားဟန်ဆူယုန်းသည် လူဝင်စားယူဂျွန်ဟော့၏အဖွဲ့သို့ဝင်ရောက်ပါပြီ။]

ထွက်ပေါ်လာသည့်အမှာစာများကြောင့် ဟန်ဆူယုန်းကတုန်လှုပ်သွားခဲ့သည်။ “ဘာ-အဲ့ဒါဘာလဲ? ဟေး! ငါကဘာလို့သူအဖွဲ့ထဲမှာပါရမှာလဲ?”

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now