Unicode
"Jung kook ခဏ"
"ဟမ် Jimin..ဘာလို့အတင်းပြေးလာတာလဲ?"
အနားရောက်တဲ့အထိ စကားမပြောနိုင်သေး။အသက်ကို ဖြည်းဖြည်းချင်းအရင်ရှူနေရသည်။
"လူက ဟောဟဲဆိုက်နေပြီ...ဘာလို့အဲ့လောက်ပြေးလာရတာလဲ"
"မင်းနဲ့အတူကျောင်းသွားဖို့ မင်းကိုမမှီတော့မှာဆိုးလို့"
"မတွေ့ရမဲ့လူတွေကျနေတာပဲ ကျောင်းရောက်လည်းတွေ့ရမဲ့ဟာကို မင်းကလည်း"
"နောက်ရက်တွေ ငါမနက်စောစောထမှာမို့ ငါ့ကိုစောင့်နေ"
"ပြီးရော နောက်မကျစေနဲ့နော်။ နောက်ကျရင်ငါကမစောင့်ဘူး "
"အေးပါ ငါသိတယ်"
Jiminရဲ့ခံစားချက်တွေကို သေချာသိခဲ့တာ သူတို့အထက်တန်းကျောင်းသားအရွယ်မှာဖြစ်သည်။
ဒီခံစားချက်ကို အတည်ပြုဖို့ ကိုယ်ကိုယ်တိုင်တောင် မယုံကြည်နိုင်ဖြစ်ခဲ့ရတာ။အနေနီးလို့ စိတ်ကစားတဲ့ခံစားချက်မျိုးလား?
သူငယ်ချင်းတွေချစ်ကြသလိုမျိုး အချစ်မျိုးလား?
Question markပေါင်းများစွာနဲ့ ကိုယ်ကိုယ်တိုင်ပြန်မေးပြီးတဲ့အချိန်မှာတော့ အဲ့လိုအချစ်တွေမဟုတ်ဘဲ သူချစ်သူတစ်ယောက်လိုချစ်သည်။သေချာတာတစ်ခုကတော့ သူJung Kookကိုချစ်သည်။
"Jimin မြန်မြန်လာ...ဘာတွေတွေးနေပြန်တာလဲ
ကျောင်းနောက်ကျတော့မှာပဲ ""လာပြီ လာပြီ။ ဒါနဲ့ Jungkook"
"အင်း ပြော"
"ဘာမှမဟုတ်တော့ပါဘူး"
"ပြောစရာရှိတာ ပြောပါ။ မင်းကအဲ့လိုလုပ်တော့ ပိုသိချင်လာပြီ"
"ဟို ငါ မေးကြည့်ချင်တာ"
"အေး မေးကွာ"
"ဟိုလေ ရည်းစားထား.."
"ဘာလဲ မင်းရည်းစားရနေတာလား? ငါမင်းအိမ်ပြန်တိုင်မှာနော်...ဘယ်ကောင်မလေးလဲ? နောက်ပြီး Tae Hyungရောသိလား?"
"ငါ့စကား အရင်ဆုံးအောင်နားထောင်ပါအုံး မင်းကလည်း"
"အိုခေ"
YOU ARE READING
ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
Fanfiction" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"