Part 34

1.4K 81 11
                                    

Unicode

"မင်းတို့နှစ်ယောက်က ဘာဖြစ်နေကြတာလဲ။"

တစ်ယောက်တစ်နေရာစီထိုင်ပြီးမသိမသာ တစ်ယောက်တစ်လှည့် လှမ်း,လှမ်းကြည့်နေတဲ့နှစ်ယောက်ကို Tae Hyung မျက်စိနောက်လာ၍မေးလိုက်ခြင်းဖြစ်သည်။
အရင်ရက်တွေကတော့ 502ကော်နဲ့ကပ်ထားသလို တပူးပူးတတွဲတွဲဖြစ်နေကြပြီး ခုမှတစ်ယောက်တစ်ခုံထိုင်ပြီး ရုပ်ရှင်ရိုက်နေကြပြန်သည်။

"ဟိုနေ့က ကိစ္စလေ ကောက်နေတုန်း"

အနားမကပ်ရလို့ ဘူနေတဲ့ Jeo Jung Kook ဆီကအီလည်လည်အသံထွက်လာသည်။

"မသိရင် မင်းတို့နှစ်ယောက်က ပေါင်းစပ်လို့မရတဲ့
အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးတွေကျနေတာပဲ။"

"အေးလေ ငါ့လိုပဲ ဒီအခြေအနေကို မင်းလည်းမကြိုက်ဘူးမလား။နေသားမကျဘူးကွာ"

"ငါကလား အရမ်းကြိုက်တာပေါ့ မျက်စိနောက်သက်သာတယ်လေ။"

"မရယ်နိုင်ဘူး လာနောက်မနေနဲ့ နည်းလမ်းလေးဘာလေးကူပြီးစဥ်းစားပေးအုံး"

"ဖက်သာနမ်းပစ်လိုက်!!"

အနားကိုလက်ယပ်ခေါ်ပြီးတိုးတိုးနဲ့ပြောသွားတာဖြစ်သည်။

"အလုပ်ဖြစ်ပါ့မလား"

"ဒီနည်းလမ်းနဲ့ပဲ မင်းရည်းစားရခဲ့တာပါ Jeon Jung Kook ရယ် ငါကလုပ်ဆိုရင်လုပ်လိုက်စမ်းပါ။"

"တကယ် လုပ်ရမှာလား"

"တကယ်ပေါ့ မင်းမလုပ်ရင်ငါလုပ်လိုက်ရမလား။စိတ်ကသိပ်ရှည်တာမဟုတ်ဘူး"

"မလိုဘူး ဟေ့ကောင်"

"အေး ပြီးတာပဲ"

"သွား မြန်မြန်အကောင်အထည်ဖော် ဒီလိုကိစ္စမျိုးကအချိန်ဆွဲလို့ကောင်းတာမျိုးမဟုတ်ဘူး။သွားး
မြန်မြန်လေး"

"အဲ့ဒီနည်းလမ်းက တကယ်အဆင်ပြေမှာလား Tae Hyung"

အနားကနေထိုင်ကြည့်နေတဲ့ Hoseok ကပါစိတ်ဝင်တစားမေးလာပြန်သည်။

"ကံကောင်းရင်ပေါ့ဗျာ မကောင်းရင်တော့အနားကရှိတာနဲ့ကောက်ထုခံရမှာပဲ။ဒီအတိုင်းအချွန်နဲ့မပေးလိုက်တာ ဟီးး"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now