Part 21

1.6K 140 9
                                    

Unicode

Taxi ငှားပြီး Jungkook ရဲ့လိပ်စာအတိုင်းသွားစောင့်နေလိုက်သည်။
ဒီရက်အတွင်းတမင် စကားမပြောဘဲနေတာကြောင့် စကားပြောဖြစ်တာ နည်းတာမို့ ရောက်လာတာမြင်ရင် အများကြီးအံ့သြသွားမှာသေချာသလောက်ပင်။

Jimin ကိုယ်တိုင်လည်း Onlineပေါ်မှာပဲတွေ့ရတာကြောင့် ခုလိုမျိုးအပြင်မှာတွေ့ရတော့မှာမို့ စိတ်တွေအရမ်းလှုပ်ရှားပြီး ခြေဖျားလက်ဖျားတွေပါအေးစက်နေသည်။
မမြင်ဖူးမတွေ့ဖူးကြတဲ့ သူတွေမဟုတ်ပေမဲ့ သူ့ရဲ့
နေ့စဥ်ဘဝကဘယ်လိုရှိမလဲဆိုတာတွေ စတဲ့
ပြောင်းလဲလာမဲ့ ပုံစံတွေနဲ့ ကိုယ့်ချစ်သူဆိုတဲ့အသိက ရင်ကိုနှစ်ဆအခုန်မြန်စေသည်။

ရှေ့မျက်နှာချင်းဆိုင် လမ်းဘက်မှာကော်ဖီဆိုင်လေးတစ်ဆိုင်တွေ့တာမို့ အဲ့ဆိုင်မှာထိုင်ရင်းသွားစောင့်ဖို့အတွက်ဆုံးဖြတ်ပြီး ဆိုင်ထဲကနေပဲသွားစောင့်နေလိုက်သည်။
ဆိုင်ကလေးက အရမ်းမကျယ်ပေမဲ့ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်ရှိပြီး တိတ်ဆိတ်ကာ ကိုယ်စီစာဖတ်နေကြတဲ့သူအတော်များများလည်းရှိသည်။
ကော်ဖီတစ်ခွက်မှာသောက်ရင်းWifi free ဆိုတဲ့ စာရွက်ကလေးကပ်ထားတာမို့ QR codeကို scanဖတ်ပြီးနောက် Jungkook ဆီစာပို့ထားလိုက်သည်။

"မင်းအခုဘယ်မှာလဲ"

Jimin စာပို့ပြီးနောက် မိနစ်ပိုင်းအတွင်းချက်ချင်းစာပြန်ပို့လာသည်။

"ကိုယ် ကျောင်းကအပြန် အချိန်ပိုင်းအလုပ်ဝင်နေတာ။နောက်နာရီဝက်ဆိုပြီးပြီမို့ အိမ်ပြန်ပြီ"

"အင်း"တစ်လုံးတည်းသာပြန်ပို့လိုက်တော့ ချက်ချင်းဖုန်းခေါ်လာသည်။

"Hello"

"အင်း"

"ကိုယ်ပြန်လာခဲ့မယ် Jimin လေယာဥ်လက်မှတ်မရသေးလို့ ရတာနဲ့ချက်ချင်းပြန်ခဲ့မယ်။ ပြီးရင် Londonကို ပြန်မသွားတော့ပါဘူး။မင်းနဲ့လည်း ဒီထက်ပိုမခွဲနိုင်ဘူး။စိတ်ဆိုးနေရင်တောင် နည်းနည်းလေးတော့ ပြေပေးနော်"

"...."

"ကိုယ် အမှားတွေတစ်ခုချင်းစီကို နမ်းနမ်းပြီးတော့ ချော့ပါမယ်ကွာ"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now