Part 14

2.4K 185 18
                                    

Unicode

"ရွတ်!!"

Jimin ပါးစပ်အဟောင်းသားနဲ့ ကြောင်ပြီးရပ်နေမိသည်။ဘယ်လိုတောင် အတင့်ရဲသွားတာလဲ!!
ပါးတစ်ဖက်ကိုနမ်းပြီးအတင်းတံခါးဖွင့်ပြီးထွက်ပြေးသွားတဲ့သူ...Jeon Jung Kookကရူးသွားတာလား?

Jimin ရင်ခုန်တာထက် ခံပြင်းသွားတာဆို ပိုမှန်ပါလိမ့်မည်။
ကိုယ့်ရဲ့သူ့အပေါ်ထားတဲ့သဘောထားကို သိနေရက်နဲ့ ချစ်တယ်လို့တစ်ခွန်းမှမဟဘဲ ခုလိုပုံစံမျိုးလုပ်သွားတာကြောင့်လည်း အလေးထားမခံရသလိုခံစားရတာကြောင့် ဝမ်းနည်းစိတ်ကပါ လှိုက်တက်လာသည်။

လှေကားကနေအမြန်ပြန်ဆင်းလာရင်း Jungkook ရင်ထဲဝုန်းဒိုင်းတွေကြဲနေတာဖြစ်သည်။ကျေးဇူးရှင် ဆရာကြီး Kim Tae Hyungက ထပ်ဆောင်းအပိုသင်ပေးလိုက်တာ လုံးဝမရတော့တဲ့အချိန်ကျရင် ဖက်နမ်းပြီးတော့
ဖွင့်သာပြောလိုက်တဲ့..!!!

လုံးဝခွင့်မလွှတ်နိုင်ဘူးတွေ ပြောလာတော့ Kim Tae Hyungကို ယုံကြည်ပြီးလိုက်လုပ်မိတာ နောက်တစ်နေ့ အတွေ့တောင်ခံပါတော့မလားဆိုတာတောင်မသေချာလှပါ။

"ဟော သားလေး ပြန်တော့မလို့လား ညနေစာစားသွားအုံးလေ အန်တီပြင်လို့ပြီးတော့မှာ"

"တော်ပြီဗျ အန်တီ မစားတော့ပါဘူး "

"ဟော သားလေး အဆင်ပြေရဲ့လား အသက်ရှူတာတွေအရမ်းမြန်နေသလိုပဲ မောနေတာလား"

အန်တီတို့ရဲ့ သားလေးကိုနမ်းပြီးပြေးဆင်းလာတာပါလို့ပြောလိုက်ရင်လည်း မတော်ရသေးတဲ့ယောက္ခမ နှစ်ယောက်ဆီကနေ လိုက်အရိုက်ခံရကိန်းရှိတာမို့...

"နှလုံးတွေကလေ ရုတ်တရက်ကြီးအရမ်းခုန်လာလို့ဗျ...အဲ့ဒါဆေးပြန်သောက်မလို့ပါ"

"အဲ့ဒါများ အိမ်ပြန်မနေနဲ့ လာခဲ့ အန်တီဆေးတိုက်မယ်...ဟိုကလေးကရော သူငယ်ချင်းဖြစ်နေတာကို ဆေးမတိုက်ဘဲနဲ့ ဆူရအုံးမယ်"

"ဟိုလေ ဆူတော့မဆူပါနဲ့ အန်တီ"

"ဟုတ်ပါပြီ ဒီမှာခဏစောင့် အန်တီဆေးသွားယူလိုက်အုံးမယ်"

"ဟုတ်ကဲ့ဗျ"

လူကြီးကို မုသာဝါဒတွေသုံးခဲ့ရတာမို့ ကိုယ့်ကိုကိုယ်တော့မလုံပေ။
သူ့ရဲ့ခွင့်ပြုချက်မရှိဘဲ ဇွတ်ယူသလိုဖြစ်ခဲ့တဲ့ အနမ်းကြောင့် အခုအချိန်ထိရင်တွေတုန်နေရတုန်းပင်ဖြစ်သည်။
သူ့အတွက်လည်း ပထမဆုံးအကြိမ်ဖြစ်တာမို့။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now