Part 12

2.4K 196 21
                                    

Unicode

လေယောဥ်ပေါ်က မိန်းကလေးတစ်စုကလည်း
သူတို့ဘက်ကို လှည့်ကြည့်လှည့်ကြည့်နှင့်မို့ Jungkook နေရခက်လာသည်။

"Jin Hyung"

"ဟေ"

"ဟိုမိန်းကလေးတွေက ကျွန်တော်တို့ဘက်ကို သိသိသာသာကြည့်နေတာ အကြောင်းတစ်ခုခုများရှိနေလို့လားမသိဘူး"

"ငါ အရမ်းချောနေလို့ကြည့်တာ Jungkook ဘာအကြောင်းမှမရှိဘူး"

"အဲ့လိုလား"

"အဲ့လိုပေါ့...ငါ့ကိုလာကြည့်နေရင် ငါအရမ်းချောလို့ကြည့်တာအပြင် တခြားအကြောင်းမရှိဘူး"

"ဟုတ်ကဲ့ Hyung"

Jungkook တို့ ဘေးဘက်ခြမ်းတစ်ဖက်ကထိုင်နေတဲ့အစ်မတစ်ယောက်က Jungkookဆီ notebook တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းကမ်းပေးလာရင်း...

"စိတ်မရှိရင် အစ်မကိုမောင်လေးရဲ့ Instagram acc လေးရေးပေးခဲ့လို့ရမလား"

"ဗျာ"

"သူက Instagram မသုံးဘူး။ TikTokပဲ ကြည့်တာ"

Jin Hyung က ကြားထဲကဝင်ဖြေလာသည်။

"ဟုတ်တယ်ဗျ ကျွန်တော် Ig မသုံးဘူး"

"ဟုတ်ကဲ့ပါ မောင်လေး"

တစ်ဖက်ကအစ်မကို အားနာနာနှင့်သာ ပြုံးပြလိုက်ရသည်။

"ကျေးဇူးပဲ Hyung...ကျွန်တော် ဘယ်လိုငြင်းရမလဲမသိဖြစ်နေတာ...Jiminက တစ်ခါတစ်လေ Instagramမှာပုံတင်လို့သာ ဖွင့်ထားတာ ကျွန်တော် Igကို တကယ်မကြိုက်ဘူး"

"သိတယ်...နောက်2နာရီလောက်နေရင် Seoulကို လေယာဥ်ဆိုက်တော့မှာ အိပ်ချင်ရင်အိပ်နေလေ"

"စိတ်တွေလှုပ်ရှားနေလို့ အိပ်မရတော့ဘူး"

"မင်းကိုသာ အိပ်ခိုင်းနေတာ ငါလည်း Joonကိုတွေ့ရမှာမို့ ရင်တွေခုန်နေတာ အိပ်မပျော်ဘူး"

(အိပ်ချင်နေတာ ငါပါဟာ )

နှစ်ယောက်သားအတွေးကိုယ်စီနဲ့ လေယာဥ်အင်ချွန်းလေဆိပ်ကိုရောက်မဲ့အချိန်ကိုသာ စောင့်နေမိကြသည်။

"ဝါးးးကိုရီးယားကလေတွေ လတ်ဆတ်နေတာပဲ"

"တစ်ခါတည်း Taxiခေါ်ပြီးအိမ်ကိုသွားလိုက်တော့မယ် Hyung"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now