Part 20

1.6K 121 7
                                    

Unicode

"ထမင်းရော စားပြီးရဲ့လား"

"ဟင့်အင်း မစားရသေးဘူး။နေ့လည် အချိန်ပိုင်းအလုပ်တစ်ခုသွားမလို့"

"ပင်ပန်းနေမှာပဲ နားပါအုံးလား...မင်းကိုကြည့်ပြီး ငါမောလာပြီ"

"အလုပ်ကိုခုတည်းက များများကြိုးစားမှပေါ့"

Jungkook ကအရင်ကထက်အများကြီး
ပိုရင့်ကျက်လာသည်ဟုထင်ရသည်။

"နောက်လထဲ ပိတ်ရက်ရှည်ရှိတယ်မလား။ ပြန်မလာဘူးလား Jungkook"

"အင်း ကိုယ်ပြန်မလာဖြစ်သေးဘူး။နောက်နှစ်တော့ သေချာပေါက်ပြန်လာခဲ့ပါမယ်ကွာ"

"မင်းက မဟုတ်သေးပါဘူး။ဒီလောက်လည်း အလုပ်တွေအရမ်းလုပ်ဖို့လိုမနေပါဘူး ခဏလောက်ဖြစ်ဖြစ်ပြန်လာခဲ့လို့ မရဘူးလား"

"ကိုယ် အလုပ်သင်အတွက် လျှောက်ထားတာ အင်တာဗျူးအောင်ပြီးပြီမို့ "

"မင်းက ပြန်လာဖို့စိတ်ကူးလုံးဝကိုမရှိတော့တာပဲ...တစ္သက္လုံး အဲ့အလုပ်တွေပဲလုပ်နေလိုက်တော့"

"အဲ့လို မဟုတ်..."

"တော်ပြီ ဆက်မပြောချင်တော့ဘူး"

"ကိုယ် တောင်းပန်ပါတယ် Jimin"

"ပိတ်ရက်ရှည်တွေရတိုင်း ပြန်လာမယ်လို့ မင်းငါ့ကိုကတိတွေပေးသွားခဲ့တာမဟုတ်ဘူးလား"

"ဟုတ်ပါတယ် ဒါပေမဲ့ ကိုယ်ဒီမှာရှိနေတဲ့အတောအတွင်း အတွေ့အကြုံတွေယူပြီးတော့ ကိုရီးယားပြန်ရောက်တဲ့အခါကျရင် လုပ်ငန်းခွင်ကိုတစ်ခါတည်း တန်းဝင်ချင်လို့ပါ။"

"နားလည်ပေးထားတာတောင် မင်းကဖြစ်ချင်တာပဲသိတယ်။ငါ့ခံစားချက်ကို ထည့်မတွေးဘူး။အမြဲတမ်း ပြန်လာဖို့ပြောနေတာလည်းမဟုတ်ဘူး။"

"ကိုယ်အခုလိုမျိုးဆုံဖြတ်လိုက်တာနဲ့ မြန်မြန်မင်းနဲ့နီးချင်လို့ပါကွာ"

"မသိဘူး နားမလည်ချင်တော့ဘူး။"

"နောက်လထဲတော့မသေချာပေမဲ့ ကိုယ်ပြန်လာမှာပါ"

"မသေချာပဲနဲ့မပြောနဲ့။ထုတ်ပြောမှသိမှာလား လွမ်းလို့ လူဆိုးကောင်ရဲ့"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now