Part 26

1.4K 88 4
                                    

Unicode

"အရမ်းအေးနေလား ကိုယ် air_corn လျှော့ပေးရမလား"

တစ်လမ်းလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာခဲ့တာ
မို့ Jimin နိုးလာတဲ့အခါစိတ်ထဲ ကြည်ကြည်လင်လင်ဖြစ်နေသည်။

"ဟင့်အင်း မင်းဖက်ထားပေးလို့ နွေးတယ်"

"နောက်တစ်နာရီလောက်ဆိုရောက်တော့မယ်။နည်းနည်းလောက်ပြန်အိပ်လိုက်အုံး"

"တော်ပြီ မအိပ်တော့ဘူး "

"ကဲ သဘောပါ"

"Tae Hyung လာခဲ့မယ်ထင်လား"

"ကိုယ်ဒီနေ့ပြန်ရောက်မဲ့အကြောင်းတော့ ပြောပြထားတယ်။လာမလာ​တော့ မသေချာဘူး။အချိန်တိုင်း
Hoseok Hyung နားပဲကပ်ဖို့ချောင်းနေတဲ့ကောင်မို့လို့"

"ဟုတ်သားပဲ"

စကားတပြောပြောနဲ့ လေယောဥ်ဆိုက်တော့မဲ့အကြောင်း ကြေညာတဲ့အသံကြားခါမှပစ္စည်းတွေစစ်ပြီး အဆင်သင့်ပြင်ရသည်။

"အိမ်ကိုတန်းပြန်ရအောင်"

"ဟုတ်ပါပြီ ကိုယ်မေမေ့ကိုလည်း surpriseတစ်ခါတည်းလုပ်မလို့။ပြန်လာမဲ့အကြောင်း အသိမပေးထားဘူး"

"အရမ်းအံ့သြသွားလောက်တယ်"

"ဒါနဲ့ ကိုယ်တို့အကြောင်းကိုဘယ်တော့ဖွင့်ပြောကြမလဲ"

"ငါကြောက်နေသေးတယ်။"

အမြဲတမ်းအချစ်ဆုံးသူငယ်ချင်းတွေအဖြစ်သာ
သိထားခဲ့တဲ့ မေမေတို့ကရော ချစ်သူတွေဖြစ်နေတာပါလို့ ပြောပြလိုက်ရင်ဘယ်လိုတုန့်ပြန်မလဲ?
Jung Kookရဲ့အိမ်ကရော သူတို့သားလေးရဲ့ချစ်သူတစ်ယောက်အနေနဲ့သိသွားခဲ့ရင် သူ့အပေါ်အရင်အတိုင်းဆက်ချစ်နေပါ့အုံးမလားဆိုတဲ့ အတွေး
ပေါင်းများးစွာနဲ့ ဖွင့်ပြောဖို့ကိုမရဲ။

"မင်းအဆင်ပြေမှပါကွာ အရမ်းမလောပါဘူး"

"အင်း...တကယ်လို့လေ"

"တကယ်လို့အဆုံးထိ သဘောမတူဘူးဆိုတာတွေ
ဖြစ်လာရင် လက်လျှော့ဖို့မတွေးပဲ ကိုယ့်ကိုယုံကြည်ပေး။"

"ဒါပေမဲ့..."

"ဘယ်တော့မှလက်မလွှတ်ဘူး။
ကိုယ် မင်းကိုပဲလက်ထပ်မှာ Jimin "

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now