Part 27

1.4K 94 1
                                    

Unicode

"အားလုံးမစားမသောက်ကြသေးခင် တစ်ခါတည်း
ကြေညာစရာရှိတယ်။"

Nam Joon Hyung ကပြောလာတာမို့ အားလုံးစိတ်ဝင်တစားနားထောင်နေကြသည်။

"Hyung တို့ရဲ့ weeding ကိစ္စကို အသိပေးချင်..."

"ဝိုးးးအရမ်းအရမ်းလက်ခံပါတယ်"

ဘာမှမပြောရသေးခင် သူအရင်ဆုံးထောက်ခံပြီးပြီဖြစ်သည်။ Hoseok လည်း ဝင်ထိန်းရတော့သည်။မဟုတ်ရင် Nam Joon Hyung စကားကအရှေ့ရောက်တော့မှာ မဟုတ်ကြောင်းကြိုသိနေတာမို့။

"Tae Hyung ဟိုကဘာမှမပြောရသေးဘူးလေ
အရင်ဆုံးအောင်နားထောင်"

"ကျွန်တော် ကြိုသိနေတယ် ကိုကို!!"

"သိလည်း တိတ်!!"

"ဟုတ်ကဲ့"

"ဟားးရည်းစားကြောက်ရတယ်နော် တစ်ချို့တွေများ ဟုတ်တယ်မလား Tae Hyung "

အချိန်တိုင်း ဘယ်လိုမျိုး ရန်ဖြစ်ကြရင်ကောင်းမလဲ တွေးနေကြတဲ့သူတွေမို့ အခွင့်အရေးရရင် ရသလိုဝင်ဖဲ့ကြပြန်သည်။

"ကျွန်တော့် ကိုကိုက တိတ်တိတ်လေးနေပြီးနားထောင်ခိုင်းထားတာလေ Yoongi Hyung
မကြားလိုက်ဘူးလား။"

"ငါ့ရည်းစားမှ မဟုတ်တာ သူတိတ်ခိုင်းတိုင်းတိတ်စရာလား"

"ဟူးးတော်ပြီ Hyung နဲ့ ရန်မဖြစ်တော့ဘူး မောလာလို့"

"ကျေးဇူးတင်တယ်။"

"အားလုံးကို ရက်ကို အသိပေးချင်တာ... "

Nam Joon ကစကားပြန်စလာသည်။

"ကိစ္စအတော်များများလည်း ပြင်ဆင်ပြီးနေပြီဆိုတော့ Wedding ရက်ကို October 21ကို Jin Hyungနဲ့တိုင်ပင်ပြီးရွေးထားတယ်။ပြီးတော့ ခရီးတစ်ခုထွက်ကြဖို့ နေရာကတော့ အားလုံးဘယ်နေရာသွားချင်ကြလဲ"

"မင်္ဂလာကိစ္စအတွက် ဂုဏ်ယူပါတယ် Jin Hyung နဲ့ Nam Joon Hyung"

"Congratulations Nam Joon Hyung!!
အရမ်းချောတဲ့ ကျွန်တော်တို့ Jin Hyung ကိုပိုင်ဆိုင်နိုင်တော့မှာမို့"

ဂုဏ်ပြုစကားကို အားလုံးကညီတူညီညာ မင်္ဂလာပွဲအတွက်ဆုတောင်းပေးကြသည်။
အရမ်းချစ်ကြပြီး ခုလိုပေါင်းဖက်နိုင်ကြတဲ့အတွက်လည်း အားလုံးပျော်ရွှင်နေကြသည်။အပျော်
ဆိုတာကမျှဝေခံစားတတ်ရင် ကူးစက်တတ်တဲ့အမျိုးလေ...။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now