Part 17

1.9K 150 9
                                    

Unicode

"Jimin ကိုယ်လိုက်ခဲ့မယ်"

"...."

"ငြိမ်ငြိမ်လေးပဲထိုင်နေမှာမို့ ကိုယ့်ကိုပါခေါ်သွား"

Min Yoongiနဲ့ နှစ်ယောက်တည်းတွေ့ဖို့အတွက် လွှတ်မပေးလိုက်နိုင်ပါ။ Londonမပြန်မချင်း Jiminနောက်ကို တကောက်ကောက်လိုက်ဖို့ဆုံးဖြတ်ပြီးသား!!!

"အနားကပ်ဖို့ပဲတွေးနေတာမင်းက ပက်ကျိလား "

"မဟုတ်ဘူး ဖားပျံ ဖြစ်နိုင်ရင်အနားမှာအမြဲကပ်နေချင်တာ"

ဖားတွေရော ပက်ကျိတွေပါ,ပါလာပြီမို့ Jimin ရီချင်စိတ်ကိုထိန်းထားရသည်။

"ဖားပျံလိုကပ်နေလည်း ငါကခွာချမှာ"

"မကြောက်ဘူးပေါ့"

"ဘာလို့ ကြောက်ရမှာလဲ?"

"ဟော!!ဟိုမှာ မင်းခြေထောက်နားမှာ ဖားကြီး!!!"

"အားးး"

တကယ်လန့်သွားပုံရကာမျက်လုံးကိုစုံမှိတ်ထားရင်း လက်မောင်းကိုအတင်း တိုးဖက်လာသည်။
Jimin ဖားတွေကြောက်တတ်မှန်းသိတာမို့ တမင်ပြောလိုက်ခြင်းပင်။

"စတာ စတာပါကွာ ဖားတကယ်မရှိပါဘူး"

"မင်း!!!"

"ဟားးပြောတော့မကြောက်ပါဘူးဆို"

"....."

"ကိုယ့်လက်မောင်းကိုအရင်လာဖက်တာနော် အဲ့တော့အဆုံးထိတာဝန်ယူပါ။ ဒီက လူပျိုနုနုထွဋ်
ထွဋ်လေး"

"Jeon Jung Kook!!!"

"ဗျာ!!"

"တော်ပြီ မင်းကျန်ခဲ့"

"မရဘူး လိုက်မှာ...ခုပဲညနေစောင်းနေပြီ မိုးချုပ်ရင်ပြန်ဖို့စိတ်မချဘူး။အတူတူပြန်မယ်"

Tae Hyungကို Hoseok Hyung ကစောင့်ပေးနေတာကြောင့် Yoongi Hyungနဲ့တွေ့ဖို့ချိန်းထားတဲ့ဆီကို ထွက်လာတာကို Jeon Jung Kookက တောက်တဲ့လို လိုက်ကပ်နေတာဖြစ်သည်။

"တောက်တဲ့ ကပ်ရင်တောင်အဲ့လောက်ခွာရမခက်ဘူး"

"မင်းနဲ့ကျမှပဲ ပက်ကျိဖြစ်လိုက် တောက်တဲ့ဖြစ်လိုက်နဲ့နော် မရဘူး တာဝန်ယူလိုက်တော့"

"ငါ မင်းကိုဘာလုပ်ရသေးလို့ တာဝန်ယူရမှာလဲ!!"

"အဲ့ဒါဆိုလည်း တာဝန်ယူလို့ရအောင် လုပ်လိုက်"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now