Part 28

1.4K 73 1
                                    

Unicode

ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်ထက် သုံးဆပိုကြီးသော ဧရိယာဖြင့် Jeju ကျွန်းသည် မီးတောင်များ၊ ကမ်းခြေများနှင့် ရေတံခွန်များ အပါအဝင် ၎င်း၏ သဘာဝအလှကြောင့် ကျော်ကြားပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာကို ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည်။
ဆိုးလ်နှင့် Jeju City အကြားအကွာအဝေးမှာ 453 ကီလိုမီတာဖြစ်သည်။

Jeju ကျွန်း၏အလှအပကို ကိုရီးယား၏ ဟာဝိုင်အီနှင့် Samdado ဟူ၍ နာမည်ပြောင်နှစ်ခုနဲ့ပင် တင်စားခေါ်ဝေါ်ရလောက်တဲ့အထိ သာယာတဲ့ကျွန်းတစ်ကျွန်းဖြစ်သည်။

အောက်တိုဘာလ ဖြစ်သဖြင့်  အပူချိန်
64–69°F (18–20°C) မှ အပူချိန် 64–69°F
(18–20°C) ဖြင့် Jejudo ရာသီဥတုသည် ပုံမှန်အားဖြင့် အေးမြပြီး လေပြည်အေးနှင့်နေထိုင်လို့ကောင်းနေလောက်သည်။

2နာရီခွဲကျော် လေယောဥ်စီးလာပြီးတဲ့နောက် Jejudo ရောက်ပြီမို့ အထုတ်ကိုယ်စီဆွဲကာ Hotel ကို သွားဖို့ပြင်ဆင်ကြရသည်။

နှစ်ယောက်စာအထုတ်အပိုးတွေနှင့် တစ်ယောက်တည်းယောက်ယက်ခတ်နေသူက Jeon Jung Kook ပင်။

"မင်း မနိုင်မနင်းနဲ့ရရဲ့လား"

Tae Hyung ကြည့်နေရတာ ရှုတ်ရှုပ်ခတ်လာ၍ဝင်ပြောလိုက်တော့

"သိပ်ရတာပေါ့"

Jimin ကိုကြည့်လိုက်တော့ ကိုယ်ပေါ်မှာလွယ်ထားတဲ့အိတ်လေးတစ်လုံးသာရှိသည်။
သူပဲအမြဲတမ်းအထုတ်အပိုးသယ်နေကျမို့အကျင့်ပါကာသယ်နေတာဖြစ်မည်။
ချစ်ပြလို့ရတဲ့နည်းမှန်းမျှနဲ့ ချစ်ပြပေးတတ်တဲ့သူ။
နှစ်ယောက်အတူထွက်သွားပြီမို့ Tae Hyungလည်း Hoseok Hyungဆီပြေးရတော့သည်။
ရည်းစားက သူ့မှာပဲရှိတာကျလို့။

အားလုံး Hotel ရောက်တဲ့အချိန် အခန်းကိုယ်စီခွဲကာ
ခဏအနားယူကြပြီးမှ အပြင်ထွက်လည်ဖို့အစီအစဥ်ဆွဲကာ အနားယူကြသည်။

Jin Hyung နဲ့ Nam Joon Hyung က weeding ရက်နီးပြီမို့ အလုပ်တွေရှုပ်နေကြလိမ့်မယ်တော့မထင်လိုက်လေနဲ့။အရင်လတွေကတည်းကကြိုတင်ပြင်ဆင်ထားကြမို့ အကုန်နီးပါးလည်းပြီးစီးနေပြီမို့ ဒီခရီးက ကြိုပြီးအပန်းဖြေတဲ့အနေနဲ့ ထွက်တဲ့
ဟန်းနီးမွန်းအကြို ခရီးပါတဲ့လေ။
Yoongi Hyung ကတော့ Seoul မှာ အိပ်ရတာရိုးလို့ Jejudo ကိုလာအိပ်တယ်လို့ပဲသဘောထားပါသည်တဲ့။
Jin Hyung တို့ weeding အပြီး London ပြန်မဲ့
Jungkook ကလည်း Park Jimin အနားကိုကော်နဲ့ကပ်ထားသလို ခွာမရ။
ကြည့်မရလို့ Tae Hyung လည်း Hoseok Hyung အနားသာ ကပ်ချွဲနေလိုက်သည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now