Part 36

1.2K 75 2
                                    

Unicode

လက်ထပ်ပြီး အိမ်နေရာနေဖို့အတွက်စဥ်းစားကြခဲ့တုန်းက ချက်ချင်းမို့ Jimin ကလည်းအိမ်နဲ့အဝေးကြီးမှာမနေချင်သေးဘူးဟု ပြောလာတာကြောင့် ခုကတော့ နှစ်ဖက်မိဘတွေရဲ့အိမ်မှာပဲတစ်လှည့်စီနေဖို့ဆုံးဖြတ်ထားကြတာဖြစ်သည်။

ထင်ထားတာထက် မင်္ဂလာပွဲကိုစောပြီးလုပ်ဖြစ်သွားတာကြောင့် Jimin အတွက်မင်္ဂလာဦးအမှတ်တရအတွက်စီစဥ်ထားသည့်အိမ်က အချောသတ်ဖို့ကိစ္စအနည်းငယ်ကျန်နေသေးတာကြောင့်လည်းပါသည်။
Jungkook လည်းမင်္ဂလာပွဲပြီးတာနဲ့ ဖေဖေ့အလုပ်တွေကို လက်လွှဲယူပြီး ဦးစီးတော့မှာမို့ အခြေမကျသေးခင် ခဏနေဖို့ပဲစီစဥ်ထားကြသည်။

အပေါ်ထပ်ကိုတက်လာလိုက်တော့ Jungkook နေတဲ့အခန်းထဲမှာပဲ အိပ်ယာတွေကိုသေချာပြန်ပြင်ဆင်ထားသည်။
နှင်းဆီပွင့်ဖတ်တွေပါ တွေ့တာမို့Jungkook ပြုံးမိသွားရသည်။မေမေ့အစီအစဥ်ဖြစ်လောက်သည်။
ချီထားတဲ့ ကိုယ်လုံးလေးကို အိပ်ယာပေါ်ချပေးလိုက်တော့ တုတ်တုတ်တောင်မလှုပ်တော့ပေ။
နှုတ်ခမ်းဖူးဖူးတွေကလည်းရဲနေသလို ပါးလေးတွေကအစပန်းရောင်သမ်းနေသည်။
တစ်နေ့လုံး ဧည်ခံရထားရတော့ ပင်ပန်းနေတဲ့အပြင် ခုညပွဲမှာလည်းသောက်ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည်။

ဝတ်ထားတဲ့ဝတ်စုံတွေကို ညအိပ်အပါးတစ်တည်လဲပေးပြီး သဘက်တစ်ထည်ကို ရေစွတ်ကာ မျက်နှာလေးအပါအဝင် ခြေထောက်တွေရောလက်တွေရော ရေပက်တိုက်ပေးလိုက်သည်။
အေးစက်စက် အထိအတွေ့တောင် နိုးမလာ​တော့တာမို့ အတော်လေးပင်ပန်းသွားပုံရသည်။အရမ်းနောက်ကျနေပြီမို့ Jungkook ကိုယ်တိုင်လည်းရေမချိုးတော့ပဲ ခြေလက်ဆေးပြီးတော့သာအိပ်ယာဝင်ဖို့ပြင်ရသည်။

ပြွတ်!!

ရွှတ်!! ရွှတ်!!

"မင်္ဂလာဦးညရဲ့အကြွေးကို မှတ်ထားလိုက်ပြီနော် အမျိုးသားလေး။ နောက်နေ့မှ အတိုးနဲ့ပြန်ယူမယ်။"

နှုတ်ခမ်းရဲရဲလေးတွေကို ငုံ့နမ်းလိုက်ပြီး မျက်နှာတစ်ပြင်လုံးအနှံ့ဖွဖွလေးနမ်းကာ တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ဖက်ပြီး အိပ်စက်ခြင်းဆီသို့ ခပ်မြန်မြန်ရောက်သွားရသည်။အရမ်းပျော်ရသလောက် ပင်ပန်းခဲ့တာမို့။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now